ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ နေရာ ၄ဝ နီးပါး ဝင်ရောက်ယှဉ်ပြိုင်မည်

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ။ ဓါတ်ပုံ - ကေအိုင်စီ
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီဟာ ကရင်ပြည်နယ်ထဲက မဲဆန္ဒနယ်မြေ အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ်ထဲမှာ မဲဆန္ဒနယ်မြေ ၃၆ နေရာရှိပြီး ကိုယ်စားလှယ်လောင်း ၃၃ ဦး အပြင် တိုင်းရင်းသားရေးရာ ဝန်ကြီး ၃ နေရာအတွက်ပါ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဌ ဦးမန်းအောင်ပြည်စိုးက ပြောပါတယ်။

"ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော၊ ပြည်နယ်လွှတ်တော်ရော အားလုံး ၃၆ နေရာရှိတယ်၊ ၃၆ နေရာစလုံး ဝင်ပြိုင်မယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်က ၃၃ နေရာ၊ ဟိုးဘက်တိုင်းက လွှတ်တော်က ၃ နေရာရှိတယ်၊ မွန်၊ ဗမာ၊ ပအိုဝ့် ၃ နေရာရှိတယ်၊ အားလုံးစုစုပေါင်း ၃၆ နေရာ၊ သက်မှတ်ထားသလောက်တော့ အကုန်လုံးဝင်ပြိုင်မယ်၊ ကရင်ပြည်နယ်အပြင်ကို မွန်ပြည်နယ် အထိပါ ဝင်ပြိုင်မယ်"

မွန်ပြည်နယ်မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရဖို့အတွက် ကျိုက်မရောမြို့နယ်နဲ့ ပေါင်မြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ ပြောပါတယ်။

ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီကို ၂ဝ၁ဝ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ နေရာ ၄ဝ နီးပါး ဝင်ရောက်ယှဉ်ပြိုင်မည်  ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ နေရာ ၄ဝ နီးပါး ဝင်ရောက်ယှဉ်ပြိုင်မည် Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.