ယီမင်နိုင်ငံ ထဲ မှာ ၅ ရက်ကြာ အပစ်ရပ် မယ်လို့ ကြေညာ ထားတာ ဟာ စတင် သက်ဝင်ဖို့ အချိန် ရောက် လာနေပြီ ဖြစ်ပေမယ့် ယီမင်နိုင်ငံ တောင်ပိုင်းမှာ လက်နက်ကြီး ကျည်တွေ ကျရောက် ပေါက်ကွဲ နေတယ် ဆိုတဲ့ သတင်း တွေ ရရှိ နေပါတယ်။
တိုင်အိဇ် မြို့ရဲ့ လူနေရပ်ကွက် ထဲ ကို ဟူသီ သူပုန် တွေက ပစ်ခတ် နေတာ ဖြစ်တယ် လို့ မျက်မြင် သက်သေတွေ က ပြောပါတယ်။
မြို့တော်ဆားနား နဲ့ ယီမင် အလယ်ပိုင်း မြို့တွေ မှာတော့ အခြေအနေ ငြိမ်သက် နေပါတယ်။
စစ်ကြောင့် ဒုက္ခ ရောက်နေ ကြသူတွေ ထံကို လိုအပ် တဲ့ ကယ်ဆယ်ရေး ပစ္စည်း တွေ ပို့ဆောင် ပေး နိုင်ဖို့ အပစ်ရပ် ကြမယ် ဆိုပြီး ယီမင် အဝေးရောက် အစိုးရ နဲ့ ယီမင် ထဲ က ရှီအာ သူပုန် ဟူသီ တွေ ကို လေကြောင်း တိုက်ခိုက် နေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ တို့ ကနေ အပစ်ရပ် မယ်လို့ ပြောထား တာ ဖြစ် ပါတယ်။
အဲဒီလို လူသားချင်း စာနာ နားလည်တဲ့ အကူအညီ တွေ ပြုလုပ် နိုင်ရေး အတွက် အရင် တုန်းက လည်း အလားတူ အပစ်ရပ် ဖို့ ၂ ကြိမ် ကြိုးစားဖူး ပေမယ့် မအောင် မြင်ခဲ့ ပါဘူး။
အပစ်ရပ်မယ့် အကြောင်းကို သူတို့ဆီ ကုလ သမဂ္ဂ က တရားဝင် အကြောင်းကြား မထား ဘူး ဆိုပြီး ယီမင် မြောက်ပိုင်း က နေရာ တော်တော်များများ ကို ထိန်းချုပ် ထားတဲ့ ဟူသီ သူပုန် တွေ က ပြောပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
အပစ်ရပ် စတင်ဖို့ သတ်မှတ်ချိန်နောက်ပိုင်း ယီမင်မှာ လက်နက်ကြီးသံတွေ ထွက်ပေါ်လာ
Reviewed by THITHTOOLWIN
on
07:51
Rating: