မူးယစ်ရာဇာ ဝါကင်း ဂွတ်ဇ်မန်ကို ဖမ်းပေးဖို့ ဆုကြေးငွေထုတ်


 မက္ကဆီကို နိုင်ငံမှာ ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အစိုးရက အလိုရှိနေတဲ့ ထိပ်သီး မူးယစ်ရာဇာ ဝါကင်း ဂွတ်ဇ်မန်ကို ဖမ်းမိပါက ဆုကြေးငွေ ဒေါ်လာ ၃.၈ သန်း ပေးမယ်လို့ မက္ကဆီကို အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က တစ်မိုင်ကျော် ရှည်တဲ့ မြေအောက် လှိုဏ်ခေါင်း ကနေတဆင့် ထွက်ပြေး လွတ်မြောက်သွားခဲ့တဲ့ ဝါကင်း ဂွတ်ဇ်မန်ကို ရှာဖွေရေးတွေ လုပ်ဆောင်ဖို့ စတင်နေပြီ ဖြစ်ပါတယ်။

မက္ကဆီကို ပြည်ထဲရေး ဝန်ကြီးကတော့ အခုလို သူလွတ်မြောက်မှုမှာ ထောင်အရာရှိတွေရဲ့ အကူအညီပါရမယ်လို့ ပြောဆိုခဲ့ပါတယ်။

Altiplano ထောင်က ထောင်မှူးအပါအ၀င် ထောင်အရာရှိ ၃ ဦးကိုလည်း တာဝန်က ရပ်စဲခဲ့ပါတယ်။

ဝါကင်း ဂွတ်ဇ်မန်ဟာ စောင့်ကြည့်စစ်ဆေးနိုင်တဲ့ လက်ပတ်ကို ၀တ်ဆင်ထားပြီး ၂၄ နာရီ စောင့်ကြတ်နေတဲ့ကြားက လွတ်မြောက်သွားခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
မူးယစ်ရာဇာ ဝါကင်း ဂွတ်ဇ်မန်ကို ဖမ်းပေးဖို့ ဆုကြေးငွေထုတ်  မူးယစ်ရာဇာ ဝါကင်း ဂွတ်ဇ်မန်ကို ဖမ်းပေးဖို့ ဆုကြေးငွေထုတ် Reviewed by သစ်ထူးလွင် on 17:27 Rating: 5
Powered by Blogger.