တရုတ် နိုင်ငံမှာ အခု ရက်ပိုင်း အတွင်း အစုရှယ်ယာ ဈေးနှုန်းတွေ အကြီးအကျယ် ဆက်လက် ကျဆင်းနေတဲ့ အတွက် မသင်္ကာဖွယ်ရာ အစုရှယ်ယာ ဈေးကစားမှုတွေကို စုံစမ်း ဖော်ထုတ် သွားမယ်လို့ တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
ငွေကြေး အရင်းအနှီးတွေ၊ အစုရှယ်ယာ တွေကို မှားယွင်း ရောင်းချတာတွေ ရှိမရှိ ဆိုတာကိုလည်း စုံစမ်း စစ်ဆေး သွားမယ်လို့ တရုတ် အစိုးရက ပြောပါတယ်။
အစုရှယ်ယာ ဈေးတွေ ပြန်တက် လာအောင် အစိုးရပိုင် ကုမ္ပဏီတွေက ရှယ်ယာတွေ ဝယ်ယူ နေခဲ့တဲ့ ကြားက အစုရှယ်ယာ ဈေးနှုန်းတွေ ဆက်လက် ကျဆင်းနေတာပါ။
ဒီကနေ့ သောကြာနေ့မှာ ရှန်ဟိုင်း အစုရှယ်ယာ ညွှန်းကိန်းဟာ ၆ ရာခိုင်နှုန်း နီးပါး ကျဆင်းပြီး ဈေးပိတ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်း အထိတော့ တရုတ် အစုရှယ်ယာ ဈေးနှုန်းတွေက တစ်နှစ် အတွင်း နှစ်ဆကျော် တက်သွားခဲ့တာပါ။
ဒါပေမယ့် အခုတော့ အရေအတွက် သန်း ၉၀ ရှိတဲ့ တသီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရှယ်ယာ ဈေးနှုန်းတွေ ကျဆင်းမှုအပေါ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပေါ်ပေါက်နေပါတယ်။
BBC Burmese
http://www.bbc.com/burmese
အစုရှယ်ယာဈေးတွေ ကျဆင်းမှု တရုတ် စုံစမ်းမယ်
Reviewed by သစ်ထူးလွင်
on
19:28
Rating: