ဦးခင်အောင်မြင့် သမ္မတ ဖြစ်နိုင်ဟု Larry Jagan ခန့်မှန်း


 ၂၀၁၅ ရွေးကောက်ပွဲ အပြီး သမ္မတရာထူးနှင့် ပတ်သက်၍ ခန့်မှန်းမှု အမျိုးမျိုး ရှိနေသော်လည်း လက်ရှိ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော ဦးခင်အောင်မြင့်မှာ နိုင်ငံတော်သမ္မတ ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ Larry Jagan က သုံးသပ်လိုက်သည်။

 ““တပ်က မြင်တာကလည်း ဦးခင်အောင်မြင့်က လုံးဝတပ်ရဲ့ ယဉ်ကျေးမှုမှာ နစ်မြုပ်နေတယ်လို့ ထင်တယ်။ တိုင်းရင်းသားတွေကို မေးတဲ့အခါမှာလည်း ဦးခင်အောင်မြင့်ဟာ အသိ ဉာဏ်ရှိတယ်။ စေ့စပ်ညှိနှိုင်းတဲ့ အခါလည်း ကောင်းတယ်။ အဲဒီ အနေအထား တွေ့ရတယ်””ဟု Larry Jagan က ပြောသည်။

 လက်ရှိ သမ္မတ ဖြစ်မည်ဟု ခန့်မှန်းထားသူ လေးယောက်စလုံးသည် မဖြစ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ၅၉(စ) မပြင်နိုင် သောကြောင့် မဖြစ်နိုင်ကြောင်း၊ ဦးသိန်းစိန် သည်လည်း ဆက်လက် တာဝန် ယူမည် မဟုတ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့် လလောက်တွင် တပ်မှထွက်၍ နိုင်ငံရေးလောကသို့ ၀င်လာနိုင်ပြီး ဒုတိယသမ္မတ ဖြစ်လာနိုင် ကြောင်းလည်း Larry Jagan ကပြော သည်။

 သူရဦးရွှေမန်းသည်လည်း USDP ပါတီ၏ အပြည့်အ၀ ထောက်ခံမှုကိုရမည် မဟုတ်ရာ သမ္မတ မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။ လာမည့် ရွေးကောက်ပွဲတွင် NLD သည် လေးဆယ် ရာခိုင်နှုန်းခန့် ရှိပြီး၊ တိုင်းရင်းသားများသည် တစ်ဆယ့်ငါး ရာခိုင်နှုန်း USDP သည် တစ်ဆယ်ရာခိုင်နှုန်း ဖြစ်လာနိုင်ခြေရှိကြောင်း ၎င်းက သုံးသပ်သည်။

 ““ဦးခင်အောင်မြင့်ကို ထောက်ခံတယ် လို့ ပြောတာ မဟုတ်ဘူး။ ဖြစ်နိုင်ခြေ အရှိဆုံးလို့ ပြောတာ””ဟု Larry Jagan ကဆိုသည်။

 မြန်မာ့နိုင်ငံရေး လေ့လာသူ Larry Jagan သည် မြန်မာနိုင်ငံရေးနှင့် ပတ်သက်သော ခန့်မှန်း ဆောင်းပါးများ ရေးသားရာတွင် မှန်ကန်သူဖြစ်ကာ၊ မြန်မာနိုင်ငံရေး နှင့် ပတ်သက်သော ၎င်း၏ ခန့်မှန်းမှုများသည် အလွန် အမှားနည်းကြောင်း ၎င်းရေးသားခဲ့ သော ဆောင်းပါးများကို ထောက်ပြပြောဆို ခဲ့သည်။

The Messenger Media
http://www.messengerdaily.com/
ဦးခင်အောင်မြင့် သမ္မတ ဖြစ်နိုင်ဟု Larry Jagan ခန့်မှန်း  ဦးခင်အောင်မြင့် သမ္မတ ဖြစ်နိုင်ဟု Larry Jagan ခန့်မှန်း Reviewed by သစ်ထူးလွင် on 07:01 Rating: 5
Powered by Blogger.