မဘသ ကို ထိုင်းက အသံလွှင့် ပစ္စည်းတွေကူမယ်

ဆန္ဒပြမှု တစ်ခုမှာ သံဃာတော်တွေ ပါဝင်စဉ် (Credit: Reuters
ထိုင်းနိုင်ငံက ​ဗုဒ္ဓဘာသာ ​အဖွဲ့အစည်းက ​မြန်မာနိုင်ငံက ​မဘသ ​လို့ခေါ်တဲ့ ​ဗုဒ္ဓဘာသာ ​အဖွဲ့အစည်းကို ​ရေဒီယို ​အသံလွှင့်ဖို့ ​စက်ပစ္စည်းတွေ ​ထောက်ပံ့လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ​မဘသ ​က  ​၂ ​ရက်ကြာ ​ဦးဆောင်ကျင်းပတဲ့ ​အစည်းအဝေးကို ​တက်ရောက်ခဲ့တဲ့ ​ထိုင်းအဖွဲ့က ​ဒေါ်လာ ​၄၄၀၀၀ ​လောက် ​တန်ဖိုးရှိတဲ့ ​ရေဒီယို ​အသံထုတ်လွှင့်ရေး ​စက်ပစ္စည်းတွေကို ​ပေးမယ်လို့ ​ပြောသွားခဲ့ပါတယ်။

National ​Thai ​Buddhism ​and ​Culture ​Mass ​Media ​Association ​အဖွဲ့ဟာ ​ထိုင်းနိုင်ငံမှာလည်း ​ဗုဒ္ဓဘာသာအကြောင်း ​ထုတ်လွှင့်နေတဲ့ ​အဖွဲ့ဖြစ်ပြီး ​ထိုင်းနိုင်ငံမှာ ​အကျိုးဖြစ်သလို ​မြန်မာနိုင်ငံမှာလည်း ​ဗုဒ္ဓဘာသာ ​တရားအကြောင်းတွေ ​ထုတ်လွှင့်ရာက ​အကျိုးရရှိစေမယ်လို့ ​ယုံကြည်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံက ​သံဃာတော်တွေက ​နိုင်ငံရေးလောကနဲ့ ​အစ္စလာမ် ​ဝါဒီအပေါ် ​မုန်းတီးမှုတွေ ​မကြီးမားပေမယ့် ​မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်ခဲ့တဲ့ ​မွတ်စလင် ​ဆန့်ကျင်မှုတွေမှာ ​ဗုဒ္ဓသံဃာတော်တွေ ​ပါဝင်တဲ့အတွက် ​စိုးရိမ်မှုတွေ ​ရှိနေပါတယ်။

မြန်မာသံဃာတချို့က ​မွတ်စလင်အကြောင်း ​အမုန်းတရားတွေ ​ဟောပြောတာ ​ရှိတယ်လို့ ​ပြောရာမှာ ​ထိုင်းအဖွဲ့က ​ငြင်းဆိုခဲ့ပါတယ်။

မြန်မာသံဃာတော်တွေအနေနဲ့ ​မွတ်စလင်တွေကို ​သတ်ပစ်ဖို့၊ ​ဗလီကျောင်းတွေကို ​ဖျက်ဆီးဖို့ ​ပြောဆိုခြင်းမရှိပဲ ​ဗုဒ္ဓဘာသာကို ​ကာကွယ်ခြင်းကိုသာ ​လုပ်ဆောင်တယ်လို့ ​အေအက်ဖ်ပီ ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မဘသ ကို ထိုင်းက အသံလွှင့် ပစ္စည်းတွေကူမယ် မဘသ ကို ထိုင်းက အသံလွှင့် ပစ္စည်းတွေကူမယ် Reviewed by သစ်ထူးလွင် on 16:53 Rating: 5
Powered by Blogger.