ဇနီးဖြစ်သူကို လည်ပင်းညှစ်သတ်သူအား အမှုဖွင့် အရေးယူထား


 အရက်အလွန်အကျွံသောက်ပြီး စိတ်ကယောင်ခြောက်ခြားဖြစ်ကာ ဇနီးဖြစ်သူကို လည်ပင်းညှစ်သတ်သူအား အမှုဖွင့်အရေးယူထား

နေပြည်တော်၊ ဇွန် ၂၈

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်း မြို့နယ်၊ ငှက်ပျောတောကျေးရွာအနောက်ဘက်ရှိ လယ်ကွင်းအတွင်း အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သာပေါင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငှက်ပျောတောကျေးရွာအုပ်စု၊ ကံရားကုန်းကျေးရွာနေ မမိပု(ခ)မဖီလိုဖီနား(၄၆)နှစ် ဖြစ်ကြောင်း သိရှိရသည်။

 စစ်ဆေးချက်အရ မမိပု(ခ)မဖီလိုဖီနားအား ၎င်း၏ခင်ပွန်းဖြစ်သူ ထိန်လင်း (ခ)တင်လှိုင်(၃၉)နှစ်မှ အရက်အလွန်အကျွံသောက်ပြီး စိတ်ကယောင်ခြောက်ခြားဖြစ်ကာ လည်ပင်း ညှစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ထိန်လင်း(ခ)တင်လှိုင်အား သာပေါင်းမြို့မရဲစခန်း (ပ)၄၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဇနီးဖြစ်သူကို လည်ပင်းညှစ်သတ်သူအား အမှုဖွင့် အရေးယူထား ဇနီးဖြစ်သူကို လည်ပင်းညှစ်သတ်သူအား အမှုဖွင့် အရေးယူထား Reviewed by သစ်ထူးလွင် on 06:02 Rating: 5
Powered by Blogger.