ရေတာရှည်မြို့နယ်တွင် အမြန်ရထားနှင့် လမ်းကြိတ်စက်တိုက်မိ


ရေတာရှည် ဇွန် ၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှကျေးရွာအုပ်စု ရန်ကုန်-မန္တလေးရထား လမ်း မိုင်တိုင်အမှတ် (၂ဝ၃/၈) နှင့် (၂ဝ၃/၉) အကြားတွင် ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က အမြန်ရထားနှင့် လမ်းကြိတ်စက်တို့ တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆတ်သေ(တောင်ရွာ) အနောက် တောင်ဘက်ရှိ ရန်ကုန်-မန္တလေးကားလမ်းနှင့် ဆက်သွယ်ဖောက်လုပ်လျက်ရှိသော မြေသား လမ်းအား ကျော်သက်(၂၆)နှစ် (စက်ကြီး မောင်း)မောင်းနှင်ပြီး စက်မောင်းအကူ ကော်နစေး(၂၆)နှစ်လိုက်ပါသည့် လမ်းကြိတ် စက်သည် ရထားလမ်းအား ဖြတ်ကူးစဉ် မန္တလေးမှရန်ကုန်မြို့သို့ စက်ခေါင်းမောင်း ဦးရန်နိုင် မောင်းနှင်သည့် DF-2052အမှတ် (၁၂) အစုန်အမြန်ရထားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

 ယင်းသို့တိုက်မိမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း မဆင်မခြင် မောင်းနှင်သည့်အတွက် ၎င်းတို့နှစ်ဦးအား မြို့လှနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရေတာရှည်မြို့နယ်တွင် အမြန်ရထားနှင့် လမ်းကြိတ်စက်တိုက်မိ  ရေတာရှည်မြို့နယ်တွင် အမြန်ရထားနှင့် လမ်းကြိတ်စက်တိုက်မိ Reviewed by သစ်ထူးလွင် on 07:16 Rating: 5
Powered by Blogger.