နေပြည်တော် ဇွန် ၈
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပလွေးအမြန်လမ်း ရဲစခန်းပိုင် ရန်ကုန်-မန္တလေး အမြန် လမ်း မိုင်တိုင်အမှတ် (၂ဝ၃/၂) နှင့် (၂ဝ၃/၃)အကြား၌ ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းတည့် ၁၂ နာရီက မန္တလေးမှ ရန်ကုန်သို့ ယာဉ်မောင်း နိုင်လင်းအောင် (၃၅ နှစ်) ဈေးကြီးရပ်ကွက် လှည်းကူးမြို့နေ သူ မောင်းနှင်သော နေကြာခရီးသည် တင် မှန်လုံယာဉ်သည် မိုးရွာသွန်းနေ ချိန် လမ်းချော်ပြီး အရှိန်မထိန်းနိုင် ဘဲ လမ်းယာဘက်ဘေးရှိ အလူမီနီယံ ပေါင်တန်းများအား တိုက်မိကာ ဝဲ ဘက်သို့တိမ်းမှောက်ပြီးနောက် လမ်း ဘေး စည်းရိုးအုတ်ခုံတန်းနှင့် ထပ်မံ တိုက်မိကာ အတည့်ပြန်ကျခဲ့သည်။
ယာဉ်ပေါ်၌ ယာဉ်မောင်းပါ သံဃာတစ်ပါး၊ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၂၇ ဦး လိုက်ပါလာသည့်အနက် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၆ ဦး၊ အမျိုးသမီးလေးဦး ဒဏ်ရာများ ရရှိခဲ့သည်။ သေဆုံးသူအလောင်းနှင့် ဒဏ်ရာရရှိသူများအားအမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ကြပ်မတ်၍ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့ပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက နေပြည်တော်ခုတင် ၁ဝဝဝသို့သွား ရောက်၍ ဒဏ်ရာရရှိသူများအား ကြည့်ရှုအားပေးစကား ပြောခဲ့ ကြောင်း သိရသည်။
သတင်း-မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ-သီရိခေတ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မှန်လုံယာဉ်တိမ်းမှောက်၍ ခရီးသည်တစ်ဦးသေပြီး ၂၀ ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
08:48
Rating: