သြစီနိုင်ငံရေးသမားတွေ မားဖီးယားဂိုဏ်နဲ့ ဆက်နွယ်မှုရှိ

အဲဒီ မာဖီးယားဂိုဏ်းဟာ သြစတြေးလျမှာ တရားဝင်ရော တရားမဝင်တဲ့ လုပ်ငန်းတွေပါ လုပ်နေတာ ဖြစ်ပါတယ်။ (Credit: ABC)
သြစတြေးလျနိုင်ငံ ​အစိုးရအတွင်းက ​နိုင်ငံရေး ​သမားတွေနဲ့ ​အတိုက်အခံပါတီက ​နိုင်ငံရေး ​သမားတချို့ဟာ ​မားဖီးယား ​လူဆိုးဂိုဏ်းနဲ့ ​ဆက်နွယ်နေကြောင်းကို ​သြစတြေးလျ ​မီဒီယာတွေက ​စုံစမ်း ​သိရှိရပါတယ်။

Calabrian ​Mafia ​ဆိုတဲ့ ​မူးယစ်ဆေးဝါး ​ကုန်ကူးတဲ့ ​လူဆိုးဂိုဏ်းနဲ့ ​သြစတြေးလျနိုင်ငံက ​ထိပ်သီး ​နိုင်ငံရေး ​သမားတွေအကြား ​ဆက်နွယ်မှု ​ရှိတဲ့အကြောင်းကို ​အေဘီစီ ​သတင်းဌာနရဲ့ ​Four ​Corners ​နဲ့ ​Fairfax ​သတင်းစာတို့ ​ပူးပေါင်း ​စုံစမ်းမှုကနေ ​သိရှိရတာ ​ဖြစ်ပါတယ်။

အဲဒီ ​လူဆိုးဂိုဏ်းဟာ ​သူတို့ရဲ့ ​လုပ်ငန်းတွေနဲ့ ​သူတို့အပေါ် ​လူတွေ ​အမြင်ကောင်းအောင် ​နိုင်ငံရေး ​သမားတွေနဲ့ ​ပေါင်းပြီး ​လုပ်ဆောင်နေတာကို ​တွေ့ရှိခဲ့ကြတာပါ။

အဲဒီ ​မာဖီးယား ​ဂိုဏ်းဟာ ​ကမ္ဘာပေါ်မှာ ​အာဏာအရှိဆုံး ​ဂိုဏ်တစ်ခုဖြစ်ပြီး ​နိုင်ငံတကာ ​မူးယစ်ကုန်ကူးနေတဲ့ ​အဖွဲ့ကြီး ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ ​တရားဝင် ​လုပ်ငန်းတွေဖြစ်တဲ့ ​သစ်သီးနဲ့ ​ဟင်းသီးဟင်းရွက် ​ရောင်းတဲ့ ​လုပ်ငန်းတွေအပြင် ​တရားမဝင်တဲ့ ​မူးယစ်ဆေးဝါးတွေကို ​ကုန်ကူးတဲ့ ​လုပ်ငန်းတွေကို ​တွဲလုပ်တဲ့အဖွဲ့ ​ဖြစ်ပါတယ်။

လူဆိုးဂိုဏ်းဝင်တွေနဲ့ ​အဆင့်မြင့် ​နိုင်ငံရေးသမားတွေအကြား ​စီးပွားရေး ​ပူးပေါင်းမှုတွေ၊ ​ကုန်သွယ်မှုတွေ ​ရှိနေတာ ​ဖြစ်ပြီး ​ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆိုရင် ​ဝန်ကြီးချုပ်ဟောင်း ​John ​Howard ​နဲ့တောင် ​တွေ့ဆုံခွင့် ​ရခဲ့ပါတယ်။

အဲဒီလူက ​လူဆိုးဂိုဏ်းဝင်ဆိုတာ ​ဝန်ကြီးချုပ်ဟောင်း ​သိသိကြီးနဲ့ ​ပေါင်းတယ်လို့ ​ဆိုလိုတာတော့ ​မဟုတ်ပါဘူး။

လူဆိုးဂိုဏ်းခေါင်းဆောင် ​တစ်ယောက်ရဲ့သားဆိုရင် ​အီတလီနိုင်ငံက ​သြစတြေးလျ ​သံရုံးမှာ ​အလုပ်သင်အဖြစ်တောင် ​လုပ်ဆောင်ခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းက ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီးဟောင်း ​Amanda ​Vanstone ​က ​သံအမတ်အဖြစ် ​အမှုထမ်းဆောင်စဉ်က ​ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ​အဲဒီ ​မာဖီးယား ​လူဆိုးဂိုဏ်းအကြောင်းနဲ့ ​ပတ်သက်ပြီး ​အီတလီနဲ့ ​သြစတြေးလျ ​အစိုးရတို့ ​အပြန်အလှန် ​ဆက်သွယ် ​ဆွေးနွေးတဲ့အချိန်နဲ့ ​တိုက်ဆိုင်နေပါတယ်။

လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ ​သားက ​အလုပ်သင် ​ဘဝမှာ ​သူ့ဖခင်နဲ့ ​သူ့ဖခင် ​ဦးဆောင်တဲ့ ​အဖွဲ့အကြောင်း ​ရေးသားထားတာကို ​ဖတ်ရှုခွင့် ​ရမရတော့ ​မသိရပါဘူး။

လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီးဟောင်း ​Amanda ​Vanstone ​ဟာ ​အီတလီနိုင်ငံက ​ရာဇာဝတ်ဂိုဏ်း ခေါင်းဆောင် ​တစ်ယောက်ကို ​သြစတြေးလျနိုင်ငံထဲ ​ပြည်ဝင်ခွင့် ​ပေးခဲ့တဲ့အပေါ်မှာလည်း ​စုံစမ်းစစ်ဆေး ​ခံနေရပါတယ်။

လူဆိုးမှန်း ​မသိလို့ ​ပြည်ဝင်ခွင့် ​ပေးတာလား ​ဆိုတာကို ​စုံစမ်းနေကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီနိုင်ငံရေးသမားတွေ မားဖီးယားဂိုဏ်နဲ့ ဆက်နွယ်မှုရှိ  သြစီနိုင်ငံရေးသမားတွေ မားဖီးယားဂိုဏ်နဲ့ ဆက်နွယ်မှုရှိ Reviewed by သစ်ထူးလွင် on 21:40 Rating: 5
Powered by Blogger.