ရာမာဒန် ဥပုသ်လအတွင်း ပါကစ္စတန်မှာ သေဒဏ် ဆိုင်းငံထား


အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ အတွင်း သေဒဏ်အပြစ်ပေးတာကို ယာယီ ဆိုင်းငံ့ထားဖို့ ပါကစ္စတန်မှာ အမိန့်ထုတ်ထားပါတယ်။

ပါကစ္စတန် ၀န်ကြီးချုပ် Nawaz Sharif က သေဒဏ်စီရင်တာတွေကို တရားဝင် ဆိုင်းငံ့ထားပြီး ဘာသာရေးဆိုင်ရာအရ မြင့်မြတ်တဲ့ဥပုသ်လကို အလေးအမြတ်ထားကြဖို့ အာဏာပိုင်တွေကို ညွန်ကြားထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတွေကိုလည်း ၁ လကြာ ဆိုင်းငံ့မှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်က အသိပေးထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ နေရာအတော်များများမှာ ဒီနေ့ သောကြာနေ့ဟာ အစ္စလာမ် ရာမာဒန် ဥပုသ်လ စတင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ပါကစ္စတန်မှာ လူပေါင်း ၁၇၀ ကျော်ကို ကြိုးပေးကွပ်မျက်ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သေဒဏ် အများဆုံး ချမှတ်တဲ့ နိုင်ငံဖြစ်ပြီး အကျဉ်းသား ၈ ထောင်ကျော်ဟာ ကွပ်မျက်ခံရဖို့ စောင့်ဆိုင်းနေကြရကာ အဲဒီသူတွေထဲက အများစုဟာ ဆယ်နှစ်ကျော် ထောင်ကျနေသူတွေ ဖြစ်ကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ရာမာဒန် ဥပုသ်လအတွင်း ပါကစ္စတန်မှာ သေဒဏ် ဆိုင်းငံထား  ရာမာဒန် ဥပုသ်လအတွင်း ပါကစ္စတန်မှာ သေဒဏ် ဆိုင်းငံထား Reviewed by သစ်ထူးလွင် on 16:53 Rating: 5
Powered by Blogger.