တောင်ကိုရီးယားမှာ မားစ်ရောဂါဖြစ်ပွားသူ ၃၅ ဦးရှိပြီ


တောင်ကိုရီးယားနိုင်ငံတွင် မားစ်ရောဂါပိုး ရှိသူ ၅ ဦးကို ထပ်မံတွေ့ရှိရပြီး စုစုပေါင်း ရောဂါဖြစ်ပွားနေသူ အရေအတွက် ၃၅ ဦးထိ ရှိနေပြီလို့ တောင်ကိုရီးယား ကျန်းမာရေး ၀န်ကြီးဌာနက ပြောပါတယ်။

မားစ်ရောဂါပိုးကြောင့် တတိယမြောက် လူတစ်ဦးသေဆုံးသွားခဲ့ကာ ကျောင်းပေါင်း ၇၀၀ ကျော်ကိုလည်း ပိတ်ထားရပါတယ်။

နောက်ဆုံး မားစ်ရောဂါပိုးကြောင့် သေဆုံးသွားခဲ့သူဟာ ဆေးရုံမှာ တခန်းထဲနေ လူနာထံမှ ရောဂါပိုး ကူးစက်ခံရကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

မားစ်ရောဂါပိုး ရှိသူတဦးဟာ ဂေါက်ရိုက်ကစားခဲ့ပြီး နောက်ထပ်တဦးက တရုတ်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီးတဲ့နောက်ပိုင်း ရောဂါဖြစ်ပွား ပြန့်နှံ့နေတာနဲ့ ပတ်သက်ပြီး ကိုရီးယားအာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။

ရောဂါ သံသယရှိသူ လူပေါင်း ၁ ၆၀၀ ကျော်ကိုလည်း သီးသန့် ခွဲခြားကြည့်ရှုနေတယ်လို့ အစိုးရ အရာရှိတွေက ပြောဆိုကြောင်း သိရပါတယ်။

ဒီမားစ် ရောဂါဟာ ဆော်ဒီ အာရေဘီးယားနိုင်ငံမှာ ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံကို သွားရောက်မယ့် တရုတ်နိုင်ငံနဲ့ တိုင်ဝမ်နိုင်ငံတို့က အများဆုံးပါဝင်တဲ့ ကမ္ဘာလှည့် ခရီးသွား ၇ ထောင် လောက်ဟာ ခရီးစဉ်ဖျက်ခဲ့ကြတယ်လို့လည်း ကိုရီးယား ကမ္ဘာလှည့် ခရီးသွားအဖွဲ့က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တောင်ကိုရီးယားမှာ မားစ်ရောဂါဖြစ်ပွားသူ ၃၅ ဦးရှိပြီ တောင်ကိုရီးယားမှာ မားစ်ရောဂါဖြစ်ပွားသူ ၃၅ ဦးရှိပြီ Reviewed by သစ်ထူးလွင် on 17:32 Rating: 5
Powered by Blogger.