မြန်မာ ယူ ၂၀ ယူကရိန်းကို ဂိုးပြတ်ရှုံး

ဓာတ်ပုံ (Getty)
ဇွန်၂ ရက် ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာနဲ့ယူကရိန်းတို့ ကစားရာမှာတော့ မြန်မာ အသင်းက ယူကရိန်းအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန် ၁၀ မိနစ်အတွင်းမှာ ယူကရိန်းအသင်းက အဖွင့်ဂိုး အပါအ၀င် ၃ ဂိုးသွင်းယူသွားတာ ဖြစ်ပါတယ်။

ဂိုးပြတ်ရှုံးနိမ့်သွားတဲ့အတွက် မြန်မာ အသင်းရဲ့ အုပ်စု ဒုတိယအဆင့်တက်ရေး မျှော်လင့်ချက်ဟာ မှေးမှိန်ခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး မြန်မာ အသင်းက ထိုးဖောက်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် ယူကရိန်း ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

ပွဲစပြီး ၄၇ မိနစ်မှာ မြန်မာ အသင်း ဂိုးရှေ့မှာ ပြစ်ဒဏ်ဘော ယူကရိန်း အသင်းက ကန်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းအသင်းက ကန်သွင်းရာမှာ ဘောလုံးကများပြီး ဂိုးဘားတန်းကျော်သွားပါတယ်။

ဒုတိယပိုင်း မိနစ် ၅၁ မှာတော့ ယူကရိန်း အသင်းက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ ယူကရိန်းအသင်းက တန်ပြန်တိုက်စစ်ကနေ တဆင့် ဒုတိယဂိုး ရရှိသွားပါတယ်။ ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ ယူကရိန်း အသင်းက တတိယဂိုး သွင်းယူသွားပါတယ်။

ဒုတိယပိုင်း ၆၇ မိနစ်မှာ ယူကရိန်းအသင်း စတုတ္တဂိုး ရရှိသွားပါတယ်။ ဒီပွဲမှာ ယူကရိန်း အသင်းက ခပ်မာမာ ကစားသွားပါတယ်။ ပွဲချိန် ၇၁ မှာတော့ ယူကရိန်းအသင်းက ပဉ္စမဂိုး သွင်းယူသွားခဲ့ပါတယ်။

ပထမဂိုး ပေးခဲ့ရပြီးတဲ့နောက် မြန်မာ အသင်းက နောက်တန်းလူတွေ ကစားကွက်ပျက်သွားခဲ့သလို မြန်မာ အသင်း ဂိုးသမား ရှေ့ကို အရမ်းထွက်နေတာကို ယူကရိန်းအသင်းက အခွင့်ကောင်းရယူသွားနိုင်ပါတယ်။ ယူကရိန်းအသင်းက ရှေ့တန်း ကစားသမားတွေကို မြန်မာ အသင်း နောက်တန်းလူတွေ သေချာ ကပ်မကစားဘဲ လွတ်ထားခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ မြန်မာ ကစားသမား သီဟထက်အောင် ယူကရိန်းအသင်းက ဂိုးသွင်းတာကို လက်နဲ့ ပုတ် လိုက်တဲ့ အတွက် အနီကတ်ပြခဲ့ပြီး ပင်နယ်တီပေးခဲ့ပါတယ်။ ယူကရိန်း အသင်းက ပင်နယ်တီကို ၀င်အောင် ကန်နိုင်ခဲ့ခြင်း မရှိပါဘူး။

ပွဲချိန် ၇၆ မိနစ်မှာ ယူကရိန်း အသင်းက ဆဋ္ဌမဂိုး သွင်းယူသွားခဲ့ပါတယ်။

မြန်မာ အသင်းထိုးဖောက်ခဲ့ပေမယ့် ယူကရိန်း အသင်းနောက်တန်းကို ကျော်နိုင်ခြင်း မရှိပါဘူး။ တဦးခြင်း ဘောလုံးစွမ်းရည်၊ ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းမှုနဲ့ အပြေးမှာ မြန်မာ အသင်းက ယူကရိန်းကို ယှဉ်နိုင်ခဲ့ခြင်းမရှိပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no
မြန်မာ ယူ ၂၀ ယူကရိန်းကို ဂိုးပြတ်ရှုံး မြန်မာ ယူ ၂၀ ယူကရိန်းကို ဂိုးပြတ်ရှုံး Reviewed by သစ်ထူးလွင် on 09:30 Rating: 5
Powered by Blogger.