မိတ္ထီလာ အာကာသသိပ္ပံ ကျောင်းသား ဓားထောက်လုယက်ခံရ


  မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်  မကျီးစုရွာအနီး နည်းပညာ တက္ကသိုလ်ကျောင်း အရှေ့ဖက်မှာ လုယက်မှုတခု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ-၁၅ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနစ်ခန့်မှာ နည်းပညာတက္ကသိုလ် စတုတ္ထနှစ် ကျောင်းသူ မသီရိလှိုင် ကျူရှင်တက်ပြီး အဆောင်ကိုအပြန် အာကာသသိပ္ပံတတိယနှစ် ကျောင်းသား မောင်သက်ဦးလှိုင်မှ အဖေါ်လိုက်ပါခဲ့ပါတယ်။

သူတို့ နှစ်ဦး နည်းပညာ တက္ကသိုလ်ကျောင်း အပြင်ဘက် ၀င်းတံခါး အရှေ့ဘက်အနီး အရောက်မှာ ဓါးရှည်ကိုင်လူသုံးဦးမှ တားဆီး ခြိမ်းခြောက်ပြီး တကျပ်သားခန့်ရွှေဆွဲကြိုးတကုံး၊ သုံးပဲသားခန့်ဗြောင်လက်စွပ်တစ်ကွင်း ဆိုင်ကလုန်အမျိုးအစား ၃၀ယ/၇၁၆၇ ဆိုင်ကယ်တစ်စီး ဆိုင်ကယ်တူးဘောက်တွင်းမှ ငွေကျပ်သုံးသောင်း လုယက်သွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အမှုကို လုယက်ခံရသူများက ဇွန်လ-၁၈ရက်နေ့မှာ အမှတ်(၃)ရဲစခန်းတွင် တိုင်တန်းအမှုဖွင့်လှစ်ထားကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရရှိရပါတယ်။
မိတ္ထီလာ အာကာသသိပ္ပံ ကျောင်းသား ဓားထောက်လုယက်ခံရ  မိတ္ထီလာ အာကာသသိပ္ပံ ကျောင်းသား ဓားထောက်လုယက်ခံရ Reviewed by သစ်ထူးလွင် on 19:16 Rating: 5
Powered by Blogger.