ရဲမွန်ကျေးရွာမှ ပျောက်ဆုံးနေခဲ့သည့်အဖွား ဒေါ်ခင်သန်း ရေနစ်သေဆုံးနေကြောင်း တွေ့ရှိရ


လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာ တွင်နေထိုင်သူ အဖွား ဒေါ် ခင်သန်း ( သူငယ်ပြန် စိတ်ဝေဒနာ ရှိသူ ) အသက် - 79 နှစ်သည် 26 - 6 - 2015 နေ့ က နေအိမ်မှ ပျောက်ဆုံး သွားခဲ့ပါသည်။

ထိုအဖွားသည် လူစောင့်လစ်သည့် ညပိုင်းအချိန်တွင် နေအိမ်မှ တိတ်တဆိတ် ထွက်ခွာ၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

29 - 6 - 2015 နေ့ နံနက် 9 : 00 နာရီ ခန့်တွင် ရဲမွန်ကျေးရွာ လှည်းလမ်း မှတ်တိုင်အနီး လူမနေသော ခြံဝန်းတစ်ခုအတွင်း ရေနက်အိုင်တွင် ပျောက်ဆုံးနေသော အဖွားအား ရေနစ်သေဆုံးနေကြောင်း ရွာသူရွာသားများမှ ရှာဖွေတွေ့ရှိခဲ့ပါသည်။

ကွယ်လွန်သူ အဖွားအား သေမှု့သေခင်းဆိုင်ရာ ဆေးစစ်ချက်များ ရယူနိုင်ရန်အတွက် လှည်းကူးဆေးရုံ မော်ကျူရီသို့ ကရုဏာရှင်အသင်း၏ အခမဲ့နိဗ္ဗာန် ယာဉ် 3 ဖြင့် ကုသိုလ်ပြု့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း-ဓါတ်ပုံ ။ ။ လှည်းကူး ငါးပိချက်

ရဲမွန်ကျေးရွာမှ ပျောက်ဆုံးနေခဲ့သည့်အဖွား ဒေါ်ခင်သန်း ရေနစ်သေဆုံးနေကြောင်း တွေ့ရှိရ  ရဲမွန်ကျေးရွာမှ ပျောက်ဆုံးနေခဲ့သည့်အဖွား ဒေါ်ခင်သန်း ရေနစ်သေဆုံးနေကြောင်း တွေ့ရှိရ Reviewed by သစ်ထူးလွင် on 21:09 Rating: 5
Powered by Blogger.