ဆီးရီးယားရဲ့ အဓိကစခန်းကို သူပုန်တွေ သိမ်းထား

ဆီးရီးယား တပ်ပိုင် စစ်ကား တစ်စီးကို မီးရှို့ ဖျက်ဆီးကြစဉ် (Credit: Reuters) 
ဆီးရီးယားနိုင်ငံက ​သူပုန်အဖွဲ့တွေက ​ဆီးရီးယား ​အစိုးရရဲ့ ​အဓိက ​တပ်စခန်း ​တစ်ခုကို ​သိမ်းပိုက်ထားပြီလို့ ​ပြောပါတယ်။

ဆီးရီးယား ​မဟာမိတ် ​သူပုန်တွေက ​Daraa ​ပြည်နယ်က ​စစ်တပ်စခန်းကို ​သူပုန် ​အယောက်ပေါင်း ​၂၀၀၀ ​က ​၂၄ ​နာရီအတွင်း ​သိမ်းပိုက်လိုက်တာ ​တာလို့ ​ဆိုပါတယ်။

အဲဒီ ​စစ်စခန်းဟာ ​ဆီးရီးယားရဲ့ ​မြို့တော်ကို ​သွားတဲ့ ​လမ်းမနားမှာ ​တည်ရှိသလို ​ဂျော်ဒန်နိုင်ငံနဲ့ ​နီးတဲ့ ​ဒေသလည်း ​ဖြစ်တာကြောင့် ​ဆီးရီးယား ​အစိုးရအတွက် ​စိုးရိမ်စရာ ​ဖြစ်နေပါတယ်။

ဒီမြို့ကို ​သိမ်းပိုက်စဉ်အတွင်း ​သူပုန် ​၁၅ ​ယောက်နဲ့ ​ဆီးရီးယား ​စစ်သား ​အယောက် ​၂၀ ​လောက် ​ကျဆုံးခဲ့ရတယ်လို့လည်း ​သိရပါတယ်။

ဆီးရီးယား ​အစိုးရဟာ ​မဟာမိတ် ​သူပုန်တပ်ဖွဲ့တွေနဲ့ဖြစ်နေတဲ့ ​စစ်ပွဲတွေမှာပဲ ​ရှုံးနိမ့်နေတာ ​မဟုတ်ပဲ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေနဲ့ ​ဖြစ်နေတဲ့ ​တိုက်ပွဲတွေမှာလည်း ​ရှုံးနိမ့်မှုတွေနဲ့ ​ကြုံနေရပါတယ်။

ဆီးရီးယားနိုင်ငံက ​သူပုန်နဲ့ ​IS ​အဖွဲ့တွေဟာ ​ဆီးရီးယား ​သမ္မတ ​ဘာရှား ​အာလ်အာဆတ်ကို ​ဆန့်ကျင်တိုက်ခိုက်နေကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆီးရီးယားရဲ့ အဓိကစခန်းကို သူပုန်တွေ သိမ်းထား ဆီးရီးယားရဲ့ အဓိကစခန်းကို သူပုန်တွေ သိမ်းထား Reviewed by သစ်ထူးလွင် on 21:07 Rating: 5
Powered by Blogger.