စစ်တပ်ကိုယ်စားလှယ်က ဖွဲ့စည်းပုံဥပဒေပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို မပြင်ဖို့ ဆွေးနွေး


ဇွန်လ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အခြေခံ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆(က) နဲ့ ပတ်သက်လို့ ဆွေးနွေးနေရာမှာ စစ်တပ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်တင်စန်းနိုင်က ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း ( ၁၂ ) ပုဒ်မ ၄၃၆ ( က ) နဲ့ ( ခ ) ကို မူလအတိုင်းသာ ထားသင့်ကြောင်း ဆွေးနွေးသွားခဲ့ပါတယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေနဲ့ နိုင်ငံရေးစနစ်ဟောင်းတစ်ခုမှ ဒီမိုကရေစီစနစ်သို့ အသွင်း ကူးပြောင်းဆဲ ကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွါးအတွက် ဒီမိုကရေစီ အလေ့အကျင့်များ မရင့်ကျက်သေးတဲ့အချိန် ဒီမိုကရေစီသက်တမ်း နုနယ်သေးတဲ့အချိန် ဖြစ်တဲ့အတွက် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ( က ) နဲ့ ( ခ ) ပါ ရာခိုင်နှုန်းများ ကို ပြင်ဆင်ရန် မသင့်ပဲ မူလအတိုင်းသာ ထားရှိသင့်ကြောင်း ဗိုလ်မှူးချုပ်တင်စန်းနိုင် ဆွေးနွေးသွားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
စစ်တပ်ကိုယ်စားလှယ်က ဖွဲ့စည်းပုံဥပဒေပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို မပြင်ဖို့ ဆွေးနွေး  စစ်တပ်ကိုယ်စားလှယ်က ဖွဲ့စည်းပုံဥပဒေပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို မပြင်ဖို့ ဆွေးနွေး Reviewed by သစ်ထူးလွင် on 20:54 Rating: 5
Powered by Blogger.