အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူ (Credit: AFP) |
ကမ္ဘာစီးပွား ကျဆင်းနေချိန်အတွင်း အခုလို အပြောင်းအလဲ လုပ်လိုက်ရင် ပြဿနာ အများကြီး ဖြစ်လာမှာကို ရှောင်တိမ်းတဲ့အနေနဲ့ အမေရိကန် အစိုးရအနေနဲ့ အပြောင်းအလဲကို နောက်တစ်နှစ်မှ လုပ်ဖို့ ကမ္ဘာဘဏ်က တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့ဘဏ်က ကမ္ဘာ့စီးပွားရေးက ၂၀၁၅ ခုနှစ်အတွင်း ၂.၈ % လောက်သာ တိုးမြင့်မယ်လို့ ခန့်မှန်းလိုက်ပြီး ဇန်နဝါရီလတုန်းကတော့ ၃% ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ခန့်မှန်းထားတာထက် စီးပွားကျဆင်းရတာက အမေရိကန်နိုင်ငံ ငွေရေးကြေးရေး အခြေအနေ၊ ဥရောပမှာ စီးပွားရေး ကျဆင်းမှုတွေနဲ့ ဂျပန်နဲ့ တရုတ်နိုင်ငံမှာ တိုးတက်မှုတွေ နည်းပါးလို့ ဖြစ်ရတာလို့ ဆိုပါတယ်။
အမေရိကန်က ငွေရေးကြေးရေး ပေါ်လစီကို အပြောင်းအလဲ လုပ်လိုက်ရင် စီးပွားရေး တောင့်တင်းတဲ့ နိုင်ငံနဲ့ စီးပွားရေး မဖွံ့ဖြိုးတဲ့ နိုင်ငံတွေ ထိခိုက်မှု ခံရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ဒီအခြေအနေအတွင်း တိုးတက်စ ပြုလာတဲ့ နိုင်ငံတွေ သတိကြီးကြီးထားဖို့ ကမ္ဘာ့ဘဏ်အကြီးအကဲက သတိပေးလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ကမ္ဘာ့နိုင်ငံတွေ အသင့်ပြင်ဖို့ ကမ္ဘာ့ဘဏ် သတိပေး
Reviewed by သစ်ထူးလွင်
on
14:44
Rating: