ရွှေပြည်သာမြို့နယ်၊ လှော်ကားတွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ ဇွန် ၂၂

၎.၆.၂၀၁၅ ရက်နေ့ ၀၇၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်အပိုင်း (၁)၊ ပတ္တမြားလမ်း၊ ခရေပင်တန်းအနီး၌ အမျိုးသားတစ်ဦးလဲကျနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အသက် (၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ၀ဲရင်အုံ၊ ရင်ညွန့်နှင့်ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများ၊ ၀ဲလက်ဖ၀ါး၊ လက်မ၊ ယာလက်မောင်းတို့တွင် ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် လှော်ကားနယ်မြေ ရဲစခန်း(ပ)၂၅၂/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူ အား ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

သေဆုံးသူအမျိုးသားနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်ခြင်း၊ လူမှုကွန် ယက်စာမျက်နှာနှင့် ဂျာနယ်များတွင်လည်း သေဆုံးသူအားသိရှိပါက သတင်းပေးကူညီနိုင်ပါရန် ထည့်သွင်းဖော်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ၈.၆.၂၀၁၅ ရက်နေ့တွင် သေဆုံးသူ၏ မိခင်ဖြစ်သူမှ ဖတ်ရှုသိရှိရသဖြင့်
သေဆုံးသူမှာ ၎င်း၏သား မောင်ဝေယံထက်မြင့်၊ (၂၀)နှစ်၊ ရွှေပြည်သာ မြို့နယ်နေသူဖြစ်ပြီး၊ ဆိုင်ကယ်ကယ်ရီအလုပ် လုပ်ကိုင်ကြောင်းကို
လှော်ကားနယ်မြေရဲစခန်းသို့ အကြောင်းကြားလာခဲ့ပါသည်။

သေဆုံးသူမှာ မောင်ဝေယံထက်မြင့်ဖြစ်ကြောင်းသိရှိပြီးနောက် ရဲတပ်ဖွဲ့မှ ဆက်စပ်၍ စုံစမ်း ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ ၎င်းနှင့် ပေါင်းသင်းသွားလာ တတ်သူ ရွှေပြည်သာမြို့နယ်နေ ခန့်လင်းဇော်၊ မောင်ကြီး(ခ)မောင်မောင်(ခ) သက်မောင်မောင်တို့(၂)ဦးအား မသင်္ကာဖွယ်သိရှိရပြီး ကရင်ပြည်နယ်၊
မြ၀တီမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ခန့်လင်းဇော်မှ ဖခင်ဖြစ်သူ အား မြ၀တီမြို့ရှိ ပုဂ္ဂလိကဘဏ်သို့ ငွေပို့ပေးရန် ဖုန်းဆက်သွယ်ပြောဆို ခဲ့ကြောင်း သိရှိရသဖြင့် မြ၀တီမြို့မ ရဲစခန်းသို့ ချိတ်ဆက်သတင်းပို့၍ ဖမ်းဆီးစေခဲ့ရာ ၁၇.၆.၂၀၁၅ ရက်နေ့ ၁၃၂၀ အချိန်ခန့်တွင် ဘဏ်တွင်
ငွေလာထုတ်သူ ၎င်းတို့(၂)ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသည့် မသင်္ကာသူ ခန့်လင်းဇော်၊ (၂၂)နှစ်နှင့် သက်မောင်မောင်၊ (၁၉)နှစ်တို့အား သွားရောက်လွှဲပြောင်းရယူခေါ်ဆောင်ခဲ့ပြီး စစ်ဆေးရာ ၎င်းတို့(၂)ဦးသည် သေဆုံးသူ မောင်ဝေယံထက်မြင့်နှင့် ခင်မင်ရင်းနှီးကြောင်း၊ ၃.၆.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ သံဒင်းရွာရှိ အရက်ဆိုင်တွင် အရက်သောက်စားကာ သေဆုံးသူ ဆိုင်ကယ်ဂိတ်ထိုးရာသို့ သွားရောက်ခဲ့ပြီး သေဆုံးသူ၏ဆိုင်ကယ်နှင့် ၃ ဦးအတူ ရွှေပြည်သာမြို့နယ်၊ ဘုရင့်နောင်လမ်းရှိ စားသောက်ဆိုင်သို့သွားကာ သေဆုံးသူမှအရက်သောက် ခဲ့ကြောင်း၊ ယင်းနောက် ၂၂၀၀ အချိန်ခန့်တွင် စကားများရန်ဖြစ်ကြပြီး ဓါးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ပွားပြီးနောက် သေဆုံးသူ၏ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့အား ယူဆောင်သွားခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။

ခန့်လင်းဇော်နှင့် သက်မောင်မောင်တို့(၂)ဦးမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြု သည့် အရိုးအသွား (၁၆)လက်မကျော်ရှိ သက်သေခံဓါးနှင့် သေဆုံးသူထံမှ ယူဆောင်သွားသည့် ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့အား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား အမှုဖြင့်ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရွှေပြည်သာမြို့နယ်၊ လှော်ကားတွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ  ရွှေပြည်သာမြို့နယ်၊ လှော်ကားတွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 18:05 Rating: 5
Powered by Blogger.