တာလီဘန် ချုံခိုတိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သား ၁၁ ဦး သေဆုံး


 အာဖဂန်နစ္စတန်ရှိ တာလီဘန်စစ်သွေးကြွတွေက Herat ပြည်နယ် အနောက်ဘက်မှာ ချုံခိုတိုက်ခိုက်ခဲ့တဲ့ အတွက် အာဖဂန်စစ်သား အနည်းဆုံး ၁၁ ယောက် သေဆုံးခဲ့တယ်လို့ အာဖဂန်ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

Herat ပြည်နယ် Karukh ခရိုင်မှာ ထရတ်ကား စစ်ယာဉ်တန်းတွေကို တနင်္ဂနွေနေ့ ညနေပိုင်းမှာ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အာဖဂန် စစ်သား အနည်းဆုံး ၆ ယောက် ဒဏ်ရာရရှိသွားပြီး တိုက်ပွဲမှာ လက်နက်တွေကို တာလီဖန်တွေက ယူဆောင်သွားခဲ့တယ်လို့ Tolo သတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က Kunduz ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခုလို ချုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းကတည်းက တာလီဘန်တွေက ထိုးစစ်တွေ စတင်ခဲ့တာဖြစ်ပြီး အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေအပေါ် တိုးမြှင့် တိုက်ခိုက်လာတာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောကြားပါတယ်။

အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေဟာ ရှေ့တန်းနေရာ အတော်များများမှာ ဖြန့်ထားပြီး အကျအဆုံးတွေ ရှိနေတဲ့အတွက် ယခုနှစ် တိုက်ပွဲတွေဟာ မနှစ်ကထက် ပိုမိုပြင်းထန်နိုင်တယ်လို့ ယူဆနေကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တာလီဘန် ချုံခိုတိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သား ၁၁ ဦး သေဆုံး  တာလီဘန် ချုံခိုတိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သား ၁၁ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 20:08 Rating: 5
Powered by Blogger.