ၾသစေတးလ် အမျိုးသမီးသတင်းထောက် မျက်နှာကို ဆေးလိပ်မီးဖြင့် ထိုးခံရ


 သြစတေးလျနိုင်ငံ နိုင်းနက်ဝပ်သတင်းစာရဲ့သတင်းထောက်တဦးဟာ ကဘူးချား တရားရုံး အပြင်ဘက်မှာရှိနေစဉ်မှာ အမျိုးသမီးတဦးက မျက်နှာကို ဆေးလိပ်မီးနဲ့ထိုးတာကို ဇွန်လ ၈ ရက်နေ့က ခံခဲ့ရပါတယ်။

နိုင်းနက်ဝပ်သတင်းထောက် အမျိုးသမီး အဲလက်စ်ဘဲန်ဟာ့ဒ်ဟာ လူသတ်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ၂၂ နှစ်အရွယ် ဂျိန်းကနေဒီအမှုအတွက် အဲဒီတရားရုံးမှာ ရှိနေခဲ့တာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တရားခံ ကနေဒီဘက်ကနေ တရားရုံးကိုလာတဲ့ အဲဒီအမည်မသိအမျိုးသမီးကို ဘဲန်ဟာ့ဒ်နဲ့အခြား သတင်းထောက်တွေက မေးခွန်းတွေမေးဖို့ကြိုးစားတဲ့အချိန်မှာ သူကဆေးလိပ်မီးနဲ့မျက်နှာကို ထိုးခဲ့တာလို့ နိုင်းနက်ဝပ်သတင်းစာကပြောပါတယ်။

အဲဒီအမျိုးသမီးဟာ သတင်းထောက်ဘဲန်ဟာ့ဒ်ရဲ့မျက်နှာကို ဆေးလိပ်မီးနဲ့ထိုးခဲ့တာအပြင် မျက်နှာကို ဆေးလိပ်မီးခိုးငွေ့နှင့် မှုတ်ထုတ်ခဲ့ကာ သူ့အနီးရပ်နေတဲ့အမျိုးသားတဦးကပါ သတင်းသမားတွေကို ခွေးတကောင်ကဲ့သို့ အသံဖြင့် လှောင်ပြောင်အော်ဟစ်ခဲ့ တယ်လို့သိရပါတယ်။

ရဲတွေက အဲဒီအမျိုးသမီးကို အများပြည်သူအနှောက်အယှက်ဖြစ်စေမှုနဲ့ အရေးယူခဲ့တယ်လို့ သြစတေးလျမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
သြစတေးလျ အမျိုးသမီးသတင်းထောက် မျက်နှာကို ဆေးလိပ်မီးဖြင့် ထိုးခံရ  သြစတေးလျ အမျိုးသမီးသတင်းထောက် မျက်နှာကို ဆေးလိပ်မီးဖြင့် ထိုးခံရ Reviewed by သစ်ထူးလွင် on 18:37 Rating: 5
Powered by Blogger.