ယီမင်မြို့တော်ကို ဆော်ဒီဗုံးကြဲတိုက်ခိုက်


ဆာနား ဇွန် ၈

ဆော်ဒီအာရေဗျဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုကြောင့် ယီမင်မြို့တော်ဆာနား၌ တနင်္ဂနွေ နေ့က လူပေါင်း ၄၄ ဦးသေဆုံးကာ ၁ဝဝ ကျော် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဆာဘားသတင်းအေဂျင်စီက ထုတ် ပြန်ကြေညာသည်။

တိုက်လေယာဉ်များသည် ဆာနားမြို့လယ်ရှိ ယီမင် လက်နက်ကိုင်တပ်ဖွဲ့ ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ရာ ၄၄ ဦး သေဆုံးပြီး ၁ဝဝ ကျော်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို အဆိုပါ သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။

ဆာဘားနိုင်ငံပိုင် သတင်းအေဂျင်စီကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလကတည်းက ရှီးယိုက်ဟူသီသူပုန်များက ဆာနားမြို့တော်ကိုသိမ်းပိုက်စဉ် ထိန်းချုပ်ထားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက လေကြောင်းတိုက်ခိုက်မှု အတွင်း ပြိုကျပျက်စီးသွားသော အဆောက်အအုံများ ကြားမှ လူများကိုရှာဖွေနေဆဲဖြစ်ကြောင်း အဆိုပါသတင်း ၌ ဖော်ပြသည်။

ယီမင်နိုင်ငံသည် ၂ဝ၁၁ ခုနှစ်ကတည်းက သမ္မတ အဗ္ဗဒူလာဆာလေကို ရာထူးမှ ဖယ်ရှားရေးအတွက် အကြီး အကျယ်ဆန္ဒပြရာမှ နိုင်ငံရေးမငြိမ် မသက်မှုများဖြစ်ပွား လျက်ရှိသည်။ (ဆင်ဟွာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယီမင်မြို့တော်ကို ဆော်ဒီဗုံးကြဲတိုက်ခိုက်  ယီမင်မြို့တော်ကို ဆော်ဒီဗုံးကြဲတိုက်ခိုက် Reviewed by သစ်ထူးလွင် on 08:27 Rating: 5
Powered by Blogger.