တံတားထိုးခွင့်အတည်ပြုလိုက်မှုကြောင့် ဒလမြို့နယ်ရှိမြေဈေးနှုန်းများမြင့်တက်


ဒလ ဇွန် ၂၉

ရန်ကုန်-ဒလတံတားထိုးခွင့် အတည်ပြုလိုက်မှုကြောင့် တွံတေး-ဒလကားလမ်းမကြီးဘေးဝဲယာရှိ မြေဈေးများမှာ အနိမ့်ဆုံးငွေကျပ် သိန်း ၃၅ဝ မှ ငွေကျပ်သိန်း ၄ဝဝဝ ကျော်အထိ အကွက်လိုက်ဈေးနှုန်း မြင့်တက်လျက်ရှိနေကြောင်း ဒလ မြို့ပေါ်ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။

တံတားတည်ဆောက်မှုစီမံကိန်း အပိုင်းအရ ရန်ကုန်မြို့ ဘုန်းကြီး လမ်းဘက်အခြမ်းမှ တစ်ဖက်ကမ်း ကူးကာ ဒလမြို့နယ် ကမာကဆစ် ရပ်ကွက်ကိုဖြတ်သန်း၍ ဒလနာရီ စင်လမ်းအတိုင်း တစ်လမ်း၊ ဒလ မြို့ထဲဘက်သို့တစ်လမ်း၊ တွံတေး ဘက်သို့တစ်လမ်းဖြင့် လမ်းသုံးခု ဖြာဆင်းကာ တည်ဆောက်သွား မည်ဖြစ်ပြီး ကနဦးလျာထားချက် မှာ ထိုစီမံကိန်းကို ငါးနှစ်ကြာမည် ဟု နေပြည်တော်ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒလမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၏ ဇွန်လပထမပတ် ကကျင်းပခဲ့သော ဒလမြို့နယ် အတွင်း တွေ့ဆုံပွဲမှသိရသည်။

ဒလမြို့နယ်ရှိအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်တစ်ဦးက''ဒလ မှာမြေဈေးတွေမြင့်တက်လာတာ ကတော့ ရန်ကုန်နဲ့ဒလကို တံတား ထိုးမယ်ဆိုပြီး လွှတ်တော်ကိုတင် သွင်းလိုက်တဲ့အချိန်ကစပြီး ရန်ကုန် မြို့ပေါ်က မြေအရောင်းအဝယ် သမားတွေ ရောက်လာပါတယ်။ သူတို့က တံတားစီမံကိန်းနဲ့နီးတဲ့ ကျန်စစ်သား၊ တပင်ရွှေထီး၊ ညောင်ကုန်း၊ ရာဇသင်္ကြန်ရပ်ကွက် နဲ့အခြားရပ်ကွက်တော်တော်များ များကိုစရန်ငွေကြိုတင်ပေးချေမှု တွေပြုလုပ်လာကြတာပါ။ အရင်က မြေကွက်ပေ၂ဝx၆ဝ တစ်ကွက်ကို သူတို့ အရောင်းအဝယ်သမား တွေက ငွေကျပ်သိန်း ၁၂ဝ နဲ့ သိန်း ၁၆ဝကြားပေးလာတာကနေ ဒီစီမံ ကိန်းလဲ လုပ်မယ်ကြားကြတော့ ကျပ်သိန်း ၃ဝဝနဲ့ ၃၅ဝကြား ပေး လာကြပြီး အရောင်းအဝယ်ဖြစ် နေတာကိုတွေ့ရပါတယ်'' ဟုပြော သည်။

ယခုလ ဒုတိယပတ်က တွံတေး-ဒလလမ်းပေါ်ရှိ ပေ ၅ဝ x၆ဝ ခြံနှစ်ကွက်တွဲကို ကျပ်သိန်း ၈၆ဝဝ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ ကနောင်လမ်းမကြီးရုံး ရှေ့လမ်းတွင် ပေ ၅ဝx၆ဝ တစ် ကွက်ကို ကျပ်သိန်း ၂၅ဝဝဖြင့် ဈေးခေါ်နေကြကြောင်းသိရသည်။ ရာဇသင်္ကြန်နှင့် ညောင်ကုန်းရပ် ကွက်များတွင်လည်း ယခင်က ပေ ၂ဝx၆ဝ တစ်ကွက်ကို ဈေးနှုန်း ကျပ်သိန်း၁၈ဝသာရှိခဲ့ရာမှ ယခု အခါကျပ် ၃၅ဝ ဝန်းကျင်ခန့် မြင့်တက်လျက်ရှိကြောင်း၊ လက်ရှိ ဒလမြို့နယ်တစ်ဖက်ကမ်းမှ လူဦး ရေသုံးသောင်းကျော်ဝန်းကျင်မှာ ရန်ကုန်တစ်ဖက်ကမ်းသို့လာရောက် အလုပ်လုပ်ကိုင်နေကြကြောင်းသိရ သည်။

မောင်စိန်ဝင်း
The Union Daily
http://uniondaily.net
တံတားထိုးခွင့်အတည်ပြုလိုက်မှုကြောင့် ဒလမြို့နယ်ရှိမြေဈေးနှုန်းများမြင့်တက်  တံတားထိုးခွင့်အတည်ပြုလိုက်မှုကြောင့် ဒလမြို့နယ်ရှိမြေဈေးနှုန်းများမြင့်တက် Reviewed by သစ်ထူးလွင် on 18:03 Rating: 5
Powered by Blogger.