ပခုက္ကူမြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွား တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ


ပခုက္ကူ ဇွန် ၁၆

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် မြို့မလမ်း တရားရုံးအနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဇွန် ၁၄ ရက် နံနက်ပိုင်းက ပခုက္ကူယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပန်းတိုင်းခံကျေးရွာမှ ပခုက္ကူမြို့သို့ မြို့မလမ်းအတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်းခံကျေးရွာနေ ဌေးမြင့်(၄၃)နှစ်သည် ၃၁ယ/------ ဂျမ်ဘို--110 ဆိုင်ကယ်အား တစ်ဦးတည်းမောင်းနှင်လာပြီး ရုတ်တရက် လက်ဝဲဘက်သို့ ချိုးကွေ့လိုက်ရာ ၎င်းလမ်းအတိုင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရပ်ကွက်နေ ဇော်ဝင်း နိုင်(၂ဝ)နှစ် မောင်းနှင်ပြီး နောက်မှ ပခုက္ကူမြို့ အမှတ် (၁)ရပ်ကွက်နေ အောင်ဇော် ဟိန်း (၂၅)နှစ် လိုက်ပါ လာသော ၄၄ယ/------Jiafa-125 ဆိုင်ကယ်နှင့် တိုက်မိ၍ ဇော်ဝင်းနိုင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အောင်ဇော်ဟိန်းနှင့် ဌေးမြင့်တို့တွင် ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဌေးမြင့်အား ပခုက္ကူမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပခုက္ကူမြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွား တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ  ပခုက္ကူမြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွား တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 11:01 Rating: 5
Powered by Blogger.