ကျွန်းလှ မြို့နယ်မှာ မြေပြို၍ လူငါးဦးသေဆုံး

 မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြို၍ လူငါးဦးသေဆုံး

ကျွန်းလှ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှ မြို့နယ် လွှတ်တိုက်ကျေးရွာအုပ်စု စေတီကုန်းရွာဟောင်း ဘုရားစေတီ နှင့် နှစ်မိုင်ခန့်အကွာရှိ ဦးဖိုးသိန်း၏ ရွှေကျင်းအဟောင်းတွင် ဇွန် ၁ဝ ရက် ညနေ ၅ နာရီ မိနစ် ၅ဝ က လက် ယက်ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေ စဉ် မိုးပြင်းထန်စွာ ရွာသွန်းသော ကြောင့် မြေပြို၍ မြေပိပြီး လူငါးဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ မြေပြိုမြေပိသူများအားကျွန်းလှမြို့မရဲစခန်းမှ ဒုရဲအုပ် သိန်းထူးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ စေတီကုန်းရွာသားများ ပူးပေါင်းပြီး ဖော်ယူရာ ဇွန် ၁ဝ ရက် ညနေ ၆ နာရီ ခွဲက ရွှေတင်နှင့် ဦးတင်တို့ကို လည်း ကောင်း၊ ဇွန် ၁၁ ရက် ညနေ ၆ နာရီ ခွဲက အောင်စိုးဦးနှင့် ဖိုးပြုံး(ခ) ခင်မောင်စိုးတို့ကို လည်းကောင်း၊ ဇွန် ၁၂ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က သူမင်းကို လည်းကောင်း တူးဖော်ရရှိပြီး ကျွန်းလှမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။

မျိုးဝင်းညို(ကျွန်းလှ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျွန်းလှ မြို့နယ်မှာ မြေပြို၍ လူငါးဦးသေဆုံး  ကျွန်းလှ မြို့နယ်မှာ မြေပြို၍ လူငါးဦးသေဆုံး Reviewed by သစ်ထူးလွင် on 07:48 Rating: 5
Powered by Blogger.