သံတွဲတွင်ရေကြီး၍ အိမ်ထောင် ၁၀၆စု၊ လူပေါင်း ၄၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွင် ခိုလုံနေကြရ

သံတွဲတွင် အံတော်ရေမြုပ်နေစဉ် (ဓာတ်ပုံ- သားလေးရခိုင်)
ရန်ကုန်၊ ဇွန် ၂၇

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနေသဖြင့် အိမ်ထောင်စု ၁၀၆ စု၊ လူဦးရေ ၄၀၀ ကျော်ကို ယာယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းများသို့ ပို့ဆောင်ထားရသည်ဟု သံတွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ယနေ့ နေ့လယ် ၁၂ နာရီအချိန်က နိရဉ္စရာသို့ ပြောဆိုသည်။

“ သံတွဲမှာ ကယ်ဆယ်ရေး စခန်းတွေ သတ်မှတ်ထားတဲ့ နေရာတွေရှိပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေပေါ့။ အခု ယာယီကယ်ဆယ်ရေး စခန်း ၄ ခု ဖွင့်ပြီးတော့ လက်ခံထားပါတယ်။ စုစုပေါင်း အိမ်ထောင်စု ၁၀၆ စု၊ လူဦးရေအားဖြင့် ၄၀၀ ကျော်ရှိပါတယ်” ဟု ဆိုသည်။

သူတို့၏ စားရေးသောက်ရေးကိုလည်း သက်ဆိုင်ရာမှ တာဝန်ယူ ဖြေရှင်းပေးနေကြောင်း သိရသည်။

မိုးနှင့် လေပြင်းတိုက်ခတ်မှုများ ရှိသဖြင့် အိမ်ခြေ ၁၂၀ နီးပါးခန့်လည်း အမိုးများလန်ကာ၊ ဘေးထရံများကွာကျ သွားခဲ့သည်ဟု သိရသည်။

“ လောလောဆယ်တော့ ရေကျသွားပါပြီ။ ငါးပေလောက်ထိတော့ ကျသွားပါပြီ” ဟု နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ရေကျသွားခြင်းမှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း နောက်ထပ် ရေပြန်တက်လာသည်ဟု ကြားရသဖြင့် အထူးစိုးရိမ်မိကြောင်း ပြောဆိုသည်။

Narinjara
https://www.facebook.com/pages/Narinjara

သံတွဲတွင်ရေကြီး၍ အိမ်ထောင် ၁၀၆စု၊ လူပေါင်း ၄၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွင် ခိုလုံနေကြရ  သံတွဲတွင်ရေကြီး၍ အိမ်ထောင် ၁၀၆စု၊ လူပေါင်း ၄၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွင် ခိုလုံနေကြရ Reviewed by သစ်ထူးလွင် on 19:07 Rating: 5
Powered by Blogger.