ဦးရွှေမန်း ပြောဆိုမှု NLD တုံ့ပြန်

ဦးရွှေမန်းနဲ့ ဒေါ်စု ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြ
အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့တော် မှာ ရောက်ရှိ နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း က ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ က သူ့ကို အဆိုပြုမယ် ဆိုရင် သမ္မတ ဝင်အရွေးခံ မှာ ဖြစ်ပြီး နိုင်ငံ အတွက် ဒေါ်အောင်ဆန်း စုကြည် နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ အသင့် ရှိကြောင်း ထုတ်ဖော် ပြောဆို လိုက် ပါတယ်။

ဒါဟာ ကြံ့ခိုင်ရေး ပါတီ ဒုဥက္ကဋ္ဌဌ ဖြစ်တဲ့ ဦးရွှေမန်း အနေ နဲ့ သူ့ပါတီ အလုပ် အမှုဆောင် တွေနဲ့ သဘောတူ မထား ဘဲ ပြောလိမ့်မယ် မထင်ဘူး လို့ NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦး ဝင်းထိန် က ပြောပါတယ်။

NLD ဘက်က ဒီပြောကြားချက် အတွက် ဘာမှ တရားဝင် မသိရ ပေမယ့် လောလောဆယ် လွှတ်တော် တရားဥ ပဒေ စိုးမိုးရေး ကော်မတီ ကိစ္စ တွေ မှာ ဦးရွှေမန်း က ဒေါ်စုနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိတယ် လို့ ဦး ဝင်းထိန် က ဆိုပါတယ်။

NLD က ရွေးကောက်ပွဲ ဝင်မဝင် သေချာ မဆုံးဖြတ် ရသေးခင် မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ ကိစ္စ ကို ပြောဖို့ စောလွန်းကြောင်း၊ ဦးရွှေမန်း ကို NLD သမ္မတ တင်ဖို့ ကြိုးစားရင် လည်း NLD အောက်ခြေပိုင်း က လက်ခံမှာ မဟုတ် ကြောင်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို မဖြစ်ဖြစ် အောင် စောင့်ပြီး ကြိုးစား သွားမယ်၊ အဲဒိနောက် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ ဖြစ်အောင် ဆက်လုပ်ရမယ် လို့လည်း ဆိုပါတယ်။

ဦးရွှေမန်း က ဒေါ်စုနဲ့ ပူးပေါင်းဖို့ စကားပြော တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ရှုံးဖို့ များနေလို့ ပြောတာ မျိုး ဖြစ်နိုင်တယ် လို့လည်း ဦး ဝင်းထိန် က ပြောကြားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဦးရွှေမန်း ပြောဆိုမှု NLD တုံ့ပြန်  ဦးရွှေမန်း ပြောဆိုမှု NLD တုံ့ပြန် Reviewed by သစ်ထူးလွင် on 05:59 Rating: 5
Powered by Blogger.