ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်ထံကို အမေရိကန်သမ္မတဟောင်း George W Bush က ဂုဏ်ပြုစာနှင့် အမှတ်တရလက်ဆောင် ပေးပို့


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်ထံကို အမေရိကန်သမ္မတဟောင်း George W Bush က ဂုဏ်ပြုကြောင်းစာနဲ့ အမှတ်တရလက်ဆောင်ကို ပေးပို့ခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ပေးပို့တဲ့စာမှာ ပညာရေးလွတ်လပ်ခွင့်အတွက် ဆက်လက်ရပ်တည်ကြဖို့ ရေးသားထားတယ်လို့ မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းက ပြောပါတယ်။

မဖြိုးဖြိုးအောင်ဟာ အမေရိကန်သမ္မတဟောင်း George W Bush က ဖွင့်လှစ်ထားတဲ့ Liberty and Leadership Forum ကို မနှစ်က တက်ရောက်ခဲ့ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ၀န်းရံသူတွေထဲက ကျန်းမာရေးမကောင်းသူနဲ့ အဝေးသင်တက္ကသိုလ်တက်ရောက် နေသူ စုစုပေါင်း ၂၀ ကို အာမခံပေးဖို့ တင်ထားတာကို လာမယ့် ဇွန်လ ၂ ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်ပေးဖို့ရှိတယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာ အသက်မပြည့်သေးတဲ့ ပြည်မြို့က ကျောင်းသား ကိုမျိုးသီဟကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေဟာ ဥပဒေမဲ့ အစုအဝေးမှာပါဝင်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကိုနာကျင်စေမှုစတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတာ ၂ လကျော်ပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်ထံကို အမေရိကန်သမ္မတဟောင်း George W Bush က ဂုဏ်ပြုစာနှင့် အမှတ်တရလက်ဆောင် ပေးပို့  ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်ထံကို အမေရိကန်သမ္မတဟောင်း George W Bush က ဂုဏ်ပြုစာနှင့် အမှတ်တရလက်ဆောင် ပေးပို့ Reviewed by သစ်ထူးလွင် on 18:28 Rating: 5
Powered by Blogger.