နေအိမ်အား ကားဝင်တိုက်မိရာ အိပ်နေသူမှ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမရောက်မီ ကွယ်လွန်


ကားတစ်စီးသည် အကွေ့၌ အရှိန်မထိန်းနိုင်ဘဲ နေအိမ်အား ၀င်တိုက်မိရာမှ အိမ်ထဲတွင် အိပ်ပျော်နေသည့် လူတစ်ဦး ဒဏ်ရာများရရှိကာ ဆေးရုံမရောက်မီ လမ်း၌ ကွယ်လွန်သွားသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့ တွင် ယနေ့ မေလ(၉)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ် မေလ(၉)ရက် ညနေ(၃)နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၂)ရွာ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမပေါ်တွင် တာလေမြို့ဘက်မှ တာချီလိတ်မြို့သို့ စိုင်းဆိုင် မောင်းနှင်လာသည့် မော်တော်ကားတစ်စီးသည် အခင်းဖြစ်ပွားရာ လမ်းအကွေ့ အရောက်တွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းယာဘက်ရှိ ဦးအားဆက်၏ နေအိမ်ဝင်းမှ မိုင်းကိုး - တာချီလိတ် လိုင်းကား မောင်းသူ ဦးစိုးနိုင်၏ တဲအိမ်အား ၀င်ရောက်မိခဲ့ရာမှ တဲအိမ်အတွင်း အိပ်နေသော ဦးစိုးနိုင်မှာ ဒဏ်ရာများ ရရှိပြီး တာချီလိတ်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌ ကွယ်လွန်သွားခဲ့ကြောင်း တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်သူ စိုင်းဆိုင်အား တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၂၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ ယနေ့ ညနေ(၅း၅၀)နာရီအချိန်က အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
http://www.tachileik.net
နေအိမ်အား ကားဝင်တိုက်မိရာ အိပ်နေသူမှ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမရောက်မီ ကွယ်လွန်  နေအိမ်အား ကားဝင်တိုက်မိရာ အိပ်နေသူမှ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမရောက်မီ ကွယ်လွန် Reviewed by သစ်ထူးလွင် on 05:31 Rating: 5
Powered by Blogger.