ညီအစ်ကိုအချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား

သေဆုံးသူ သားတူး(ခ)သိန်းဌေး
တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကျောက်စရစ် ကျေးရွာ တွင် ၁၉.၅.၂၀၁၅ ရက်​​နေ့ ၁၃၀၀ အချိန်ခန့် က ညီအစ်ကို အချင်းချင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။

ကျောက်စရစ်ကျေးရွာတွင် နေထိုင်ကြသော (ဘ)ဦးစိန်သင်၏ သားဖြစ်သူ မောင်ခက်(ခ)မျိုးဝင်းနှင့် အစ်ကိုဖြစ်သူ သားတူး(ခ)သိန်းဌေးတို့ ညီအစ်ကိုနှစ်ဦး နေအိမ်တွင် စကားများရန်ဖြစ်ကြပြီး မောင်ခက်(ခ)မျိုးဝင်းမှ အစ်ကိုဖြစ်သူ သားတူး(ခ)သိန်းဌေးအား ယူဆောင်လာသော အရိုးအသွား (၂၃)လက်မခန့်ရှိ ဥယျာဉ်သုံး ကိုင်းခုတ်ဓါးအား လုယူပြီးခုတ်ရာ သားတူးတွင် ယာဘက်လက်ဖျံနှင့် ယာဘက် လည်ပင်းတို့အား ခုတ်မိပြီး နေအိမ်တွင်ပင် ပွဲချင်းပြီးသေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

သားတူး(ခ)သိန်းဌေးမှာ ညီဖြစ်သူမောင်ခက်(ခ)မျိုးဝင်းအား အရက်သေစာသောက်စားပြီး အမြဲတမ်း မူးယစ်ရမ်းကားလေ့ရှိသဖြင့် သည်းမခံနိုင်သောကြောင့် ဓါးဖြစ်ခုတ်ကြောင်းသိရှိရပြီး ဓါးဖြင့်ခုတ်သတ်သူ မောင်ခက်(ခ)မျိုးဝင်းအား ကျောက်စရစ်ကျေးရွာရာအိမ်မှူး ဦးမောင်ဇင်မှ တရားလိုပြုလုပ်၍ တနင်္သာရီမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း သိရှိရပါသည်။

BY သစ်ထူးလွင်

ညီအစ်ကိုအချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား  ညီအစ်ကိုအချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 12:19 Rating: 5
Powered by Blogger.