အထူးကိုယ်စားလှယ် အဖြစ်က တိုနီဘလဲ နှုတ်ထွက်


ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲဟာ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်ကနေ ရှေ့လမှာ နှုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး ရရေး ကြိုးပမ်းဖို့ သူ့ကို လွန်ခဲ့တဲ့ ၈ နှစ်က ခန့်အပ်ခဲ့တာပါ။

မစ္စတာ ဘလဲအနေနဲ့ အရှေ့အလယ်ပိုင်းဒေသ အရေးကို အလွတ်သဘော အခန်းကဏ္ဍကနေ တက်တက်ကြွကြွ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသ အရေးကို ချည်းကပ်ပုံ နည်းလမ်းသစ်တွေနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုကြောင်း မစ္စတာ ဘလဲက ယုံကြည်နေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေက မစ္စတာ ဘလဲ အနေနဲ့ ထိရောက်တဲ့ ရလဒ်တခု ရအောင် မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ပြောဆိုနေကြပါတယ်။

ပါလက်စတိုင်း တာဝန်ရှိပုဂ္ဂိုလ် တဦးကတော့ မစ္စတာ ဘလဲဟာ အစ္စရေးနဲ့ အမေရိကန် အစိုးရတို့ ကျေနပ်ဖို့ကိုပဲ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အထူးကိုယ်စားလှယ် အဖြစ်က တိုနီဘလဲ နှုတ်ထွက် အထူးကိုယ်စားလှယ် အဖြစ်က တိုနီဘလဲ နှုတ်ထွက် Reviewed by သစ်ထူးလွင် on 18:24 Rating: 5
Powered by Blogger.