လူမှောင်ခိုမှု သံသယရှိ ရဲတွေကို ဖမ်းဆီးစစ်ဆေး


မလေးရှားနိုင်ငံ မြောက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ လူမှောင်ခိုစခန်းတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို မလေးရှားအစိုးရက စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဲဒီအထဲက ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ပြီးခဲ့တဲ့နှစ် အစောပိုင်း စစ်ဆေးရေးတွေ လုပ်စဉ်ကတည်းက ဖမ်းဆီးထားခဲ့တာ ဖြစ်တယ်လို့ ဒု ပြည်ထဲရေးဝန်ကြီး Wan Junaidi Tuanku Jaafar က ပြောပါတယ်။

ကျန်တဲ့ ရဲ ၈ ဦးကိုတော့ လူမှောင်ခိုကူးရာမှာ ပါဝင်တယ်ဆိုပြီး မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စွပ်စွဲကာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားနိုင်ငံတွင်းရှိ လူမှောင်ခိုစခန်းတွေမှာ လူသေမြှပ်ထားတဲ့ မြေကျင်းပေါင်း ၁၃၉ ခုကို မေလ ၂၆ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ထိုင်းနဲ့ မလေးရှား နယ်စပ်တလျှောက် သစ်တောတွေအတွင်း တွေ့ရှိခဲ့ရတဲ့ အဲဒီ မြေကျင်းတွေမှာ မြှုပ်နှံခံရသူတွေဟာ လူကုန်ကူးခံရတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ အလောင်းတွေ ဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တွေက ယူဆထားတာ ဖြစ်ပါတယ်။

အဲဒီ မြေကျင်းတွေ တွေ့ရှိရာ နေရာဟာ မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေကို လူမှောင်ခိုသမားတွေက မလေးရှားနိုင်ငံကို ပို့ဆောင်တဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းကလည်း ထိုင်းနိုင်ငံဘက်ခြမ်း မလေးရှား နယ်စပ်အနီးမှာ အလားတူ မြေကျင်းတွေ တွေ့ရှိခဲ့ကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
လူမှောင်ခိုမှု သံသယရှိ ရဲတွေကို ဖမ်းဆီးစစ်ဆေး လူမှောင်ခိုမှု သံသယရှိ ရဲတွေကို ဖမ်းဆီးစစ်ဆေး Reviewed by သစ်ထူးလွင် on 18:01 Rating: 5
Powered by Blogger.