မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်အချိန် နေအိမ်မီးထလောင်


 မေလ ၁၁ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်ယံ အချိန် အကြောင်း မသိရသည့် မီးလောင်မှုတခု ဖြစ်ပွါးခဲ့ပါသည်။

မေလ ၁၁ ရက် ညသန်းခေါင်ယံ ကတ်နောက်ရပ်ကွက် ရှိ ဆရာမ နန်းမြင့်မြင့်လှိုင်၏ အိမ်နောက်ပိုင်း မီးဖိုချောင်မှ မီးစတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း၊ အိမ်သုံးပစ္စည်းများ၊ မောတော်ဆိုင်ကယ် စက်ဘီး အပါအဝင် အိမ်လုံးကျွတ် ပြာကျသွားကြောင်း မိုင်းပန်သား စိုင်းဆိုင် က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ သေကြေဒဏ်ရာရတာတော့မရှိဘူး။ ညသန်းခေါင်မှာ အိမ်နောက်ဖေးမီးဖိုချောင်ကနေ မီးထ တောက်တော့ ဘာပစ္စည်းမှ မရလိုက်ဘူး။ ကိုယ်လွတ်ရုန်းရတာပေါ့။ ရပ်ကွက်ကလူတွေဝိုင်းငြိမ်းလို့ ၁ နာရီခွဲလောက်အကြာမှာ မီးငြိမ်းသွားတယ်။ ဘေးအိမ်တွေတော့မကူးဘူး။ ဘာကြောင့်လောင်လဲဆိုတာခုချိန်ထိ မသိရပါဘူး” ဟုပြောသည်။

ပြီးခဲ့သည့်သောကြာနေ့ မေလ ၈ ရက်နေ့ညပိုင်းကလည်း မိုင်းပန်မြို့အတွင်း မိုးသက်လေပြင်းကျရောက်ပြီး မိုးသီးများပါကျရောက်သဖြင့် နေအိမ်ခေါင်မိုးများ လေပြင်းနှင့်အတူ လွှင့်ပါသွားကြောင်း၊ ခြံစည်းရိုးများလည်းပြိုလဲပြီးစိုက်ခင်းတော်တော် များများ ပျက်စီးခဲ့ရကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

Photo: မီးလောင်ပျက်စီးသွားသည့် ဆရာမ ဒေါ်မြင့်မြင့်လှိုင်၏နေအိမ်


မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်အချိန် နေအိမ်မီးထလောင်  မိုင်းပန်မြို့နယ်တွင် ညသန်းခေါင်အချိန် နေအိမ်မီးထလောင် Reviewed by သစ်ထူးလွင် on 18:55 Rating: 5
Powered by Blogger.