လူထုဆွေးနွေးရေး စစ်ကြောင်းချီတက်မည့် လမ်းကြောင်း မပိတ်ရန် ကေအန်ပီပီ သတိပေး



ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တပ် နယ်လှည့် လူထု တွေ့ဆုံ ဆွေးနွေး သည့် စစ်ကြောင်း လမ်းတလျောက် ချထားသည့် အစိုးရ တပ်များ ရှေ့ဆက် မတိုးရန် မေ ၇ ရက်က အကြောင်းကြားထားသည်။

စစ်ကြောင်း လမ်းကြောင်းတွင် အစိုးရတပ်များ ချထားသည့် အတွက် ၂ ဖက် ရင်ဆိုင် တိုက်ပွဲများ မဖြစ်ပေါ်ရန် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်သို့ ကေအန်ပီပီက အသိပေးထားသည်ဟု လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ခံ ဦးပလုရယ်ကပြောသည်။

“လွိုင်ကော် ရှားတောလမ်းဖက်မှာ ရှိတဲ့ရွာတွေ၊ လွိုင်ကော် လွယ်လင်ဖက်က လင်ဖုံ၊ တီးစဲခါး၊ ကွန်နားတို့ဖက်မှာ ဗမာတပ်တွေလိုက်ချထားတယ်၊ ဒီမနက်တော့ သွားပြော လိုက်ပြီ ရောက်တဲ့နေရာက ရှေ့ဆက်မသွားဖို့ပေါ့”ဟု ဦးပလုရယ်ကပြောသည်။

လက်ရှိ ကေအန်ပီပီ စစ်ကြောင်းကိုလည်း ရှေ့ဆက် မသွားရန် ဒေသကွပ်ကဲရေးမှူးများက ကေအန်ပီပီခေါင်းဆောင်များကို မေ ၂ ရက် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

ရှားတောမြို့နယ် အနီးတ၀ိုက်ရှိ ကျေးရွာများသို့ ကေအန်ပီပီ အဖွဲ့ဝင် ၂၀၀ ၀န်းကျင်သည် လက်နက်များ ကိုင်ဆောင်၍ နယ်လှည့်ကွင်းဆင်း စည်းရုံးရန် မေလဆန်းက လုပ်ဆောင် ခဲ့ကြောင်း၊ စည်းရုံးရေး လုပ်ငန်းစဉ်များ အတွက် သံလွင်မြစ် အနောက်ခြမ်း၌ အခြေပြု နေထိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ထပ်မံ ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူ များက စိုးရိမ်နေကြကြောင်း မေ ၆ရက် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

မတ် ၃၁ရက်က ကေအန်ပီပီနှင့်ပြည်နယ်အစိုးရတို့တွေ့ဆုံဆွေးနွေးချိန် မေလအတွင်း ကရင်နီတပ်မတော်များမှ နယ်လှည့်လူထုတွေ့ဆုံဆွေးနွေးရေး စစ်ကြောင်းပြုလုပ်မည့် ကိစ္စကို အသိပေးဆွေးနွေးခဲ့သည်။

ကန္တာရ၀တီတိုင်(မ်း)
https://www.facebook.com/kantarawaddytimes
လူထုဆွေးနွေးရေး စစ်ကြောင်းချီတက်မည့် လမ်းကြောင်း မပိတ်ရန် ကေအန်ပီပီ သတိပေး  လူထုဆွေးနွေးရေး စစ်ကြောင်းချီတက်မည့် လမ်းကြောင်း မပိတ်ရန် ကေအန်ပီပီ သတိပေး Reviewed by သစ်ထူးလွင် on 20:40 Rating: 5
Powered by Blogger.