အီလီနွိုက်ပြည်နယ်တွင် ကြက် ၊ ငှက် တုတ်ကွေးရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခြင်းကြောင့် အရေးပေါ် ကြေညာချက် ထုတ်ပြန်


ချီကာဂို ၊ ၃-၅-၂၀၁၅

အမေရိကန် ပြည်ထောင်စု အီလီနွိုက်စ် ပြည်နယ်တွင် ကြက် ၊ ငှက် တုပ်ကွေးရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ နေခြင်းကြောင့် ယင်း ပြည်နယ် အုပ်ချုပ်ရေးမှူး က အရေးပေါ် သတိပေးချက် တစ်ရပ်ကို ထုတ်ပြန် ခဲ့ရကြောင်း သိရသည်။

အဆိုပါ ပြည်နယ် အတွင်းရှိ အာဏာပိုင် များသည် ဒေသအတွင်းရှိ မွေးမြူရေးခြံ လေးခုကို ဝင်ရောက် စစ်ဆေးခဲ့ရာ ရောဂါ ကူးစက်ခြင်း ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း ကြေညာ ခဲ့ပြီးနောက် ပြည်နယ် အစိုးရက အရေးပေါ် ကြေညာချက် ကို မေ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အလားတူ နိုင်ငံအတွင်းရှိ မွေးမြူရေး အဓိက လုပ်ကိုင်သည့် အိုင်အိုဝါ ပြည်နယ် တွင်လည်း ကြက် ၊ ငှက် တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ မှုကြောင့် အရေးပေါ် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ ရပြီး ယင်းသို့ ကြေညာခြင်း ကြောင့် ကြက်နှင့် ကြက်ဆင် ကောင်ရေ ၂၁ သန်းကို သုတ်သင် ဖယ်ရှား ခဲ့ရဖွယ် ရှိကြောင်း သိရသည်။

ထို့ပြင် အခြားပြည်နယ် များ ဖြစ်ကြသည့် ဝစ်ကွန်ဆင် နှင့် မင်နီဆိုးတား ပြည်နယ်များ တွင်လည်း အဆိုပါ ရောဂါပိုး ကူးစက်မှုကြောင့် အရေးပေါ် ကြေညာချက် များကို ဧပြီလ အတွင်းက ထုတ်ပြန် ခဲ့ရသည်။

အိုင်အိုဝါ ပြည်နယ် အတွင်း ထုတ်ပြန်ခဲ့သည့် အရေးပေါ် ကြေညာချက် အရ ပြည်နယ် အာဏာပိုင် များသည် ရောဂါပိုး ကူးစက်ပျံ့နှံ့ မှုကို စတင် လုပ်ဆောင် ခဲ့ကြပြီး လိုအပ်ပါက မေလ အကုန်ပိုင်း အထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ယင်း ပြည်နယ် အုပ်ချုပ်ရေးမှူး တယ်ရီ ဘရန်းစတက် က ပြောကြား ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အီလီနွိုက်ပြည်နယ်တွင် ကြက် ၊ ငှက် တုတ်ကွေးရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခြင်းကြောင့် အရေးပေါ် ကြေညာချက် ထုတ်ပြန်  အီလီနွိုက်ပြည်နယ်တွင် ကြက် ၊ ငှက် တုတ်ကွေးရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေခြင်းကြောင့် အရေးပေါ် ကြေညာချက် ထုတ်ပြန် Reviewed by သစ်ထူးလွင် on 17:48 Rating: 5
Powered by Blogger.