လူနာတင်ယာဉ် တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ


 လူနာတင်ယာဉ် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ မေ ၁၇

၂ဝ၁၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ည ၆ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီး မြို့နယ်၊ တက်စီးကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ နွားထိုးကြီးမြို့နယ်၊ ကန္နားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ တောင်သာမြို့နယ်ဘက်မှ မန္တလေးသို့ လူနာပို့ဆောင်ရန် တောင်သာမြို့၊ (၁၆)ရပ်ကွက်နေ ကံကြီးမောင်(၄ဝ)နှစ်မောင်းနှင်လာသော တောင်သာမြို့နယ်၊ မေတ္တာစိတ္တလူမှုရေး အသင်းပိုင် 8I/xxxx Micro Bus ယာဉ်သည် မြင်းခြံ-ရေဝန်းကားလမ်းအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၃၂/၅) အနီးအရောက် ယာဘက်နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် ယာဉ်မောင်း ကံကြီးမောင်နှင့် တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာနေ လူနာစောင့် ဒေါ်အမာတင်(၄၇)နှစ်တို့ ၂ ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကာ တောင်သာမြို့၊ အမှတ်(၃)ရပ်ကွက်နေယာဉ်အကူ ဦးဌေးသူ(၄၅)နှစ်၊ ဘုရားလှကျေးရွာနေ လူနာဖြစ်သူ အောင်မင်း(၃၅)နှစ်နှင့် လူနာစောင့် ဒေါ်ဖွားသောင်း(၇ဝ)နှစ်တို့ ၃ ဦးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ကံကြီးမောင်အား ကန္နားနယ်မြေရဲစခန်းယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/ ၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
လူနာတင်ယာဉ် တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ  လူနာတင်ယာဉ် တိမ်းမှောက်၍ သေဆုံး/ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 21:42 Rating: 5
Powered by Blogger.