''ရွှေမန်းသူ'' အား နောက်ကနေ မတ်တူး တိုက်မိ သေဆုံး


 အရှိန်မထိန်းနိုင်သောယာဉ်မှ ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက်မိ၍ သေဆုံး

နေပြည်တော်၊ မေ ၁၆

၂ဝ၁၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၃/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက် အရ မန္တလေးမှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာနေ အောင်သူရ(၃၃)နှစ်မောင်းနှင်လာသော ၅ဃ/***** မတ်တူးအဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁ဝ)ရပ်ကွက်နေ ဦးဝင်းနိုင်(၄၅)နှစ် မောင်းနှင်နေသည့် 2D/**** ''ရွှေမန်းသူ''ခရီးသည်တင်မှန်လုံယာဉ်၏ နောက်ပိုင်းဝဲဘက်ခြမ်းအား ဝင်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းပေါ်၌ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် ''ရွှေမန်းသူ'' ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မတ်တူးယာဉ်မောင်း အောင်သူရတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် အောင်သူရအား စကားအင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၇/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
''ရွှေမန်းသူ'' အား နောက်ကနေ မတ်တူး တိုက်မိ သေဆုံး  ''ရွှေမန်းသူ'' အား နောက်ကနေ မတ်တူး တိုက်မိ သေဆုံး Reviewed by သစ်ထူးလွင် on 09:25 Rating: 5
Powered by Blogger.