အမြန်လမ်း လမ်းလယ်ကျွန်းကပ်တုံးအား ဝင်ရောက်တိုက်မိ တိမ်းမှောက်


နေပြည်တော်၊ မေ ၈

၂ဝ၁၅ ခုနှစ်၊ မေလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁ဝ၇/၇)နှင့် (၁ဝ၈/ဝ)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ စည်သူ(၃၈)နှစ်မောင်းနှင်လာသည့် 3F/xxxx Probox အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးအား ဝင်ရောက်တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း စည်သူနှင့် သာကေတမြို့နယ်နေ ဦးဝင်းလွင်ဦး(၂၇)နှစ်တို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် စည်သူအား ဖြူးအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၁၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃ရ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အမြန်လမ်း လမ်းလယ်ကျွန်းကပ်တုံးအား ဝင်ရောက်တိုက်မိ တိမ်းမှောက် အမြန်လမ်း လမ်းလယ်ကျွန်းကပ်တုံးအား ဝင်ရောက်တိုက်မိ တိမ်းမှောက် Reviewed by သစ်ထူးလွင် on 18:54 Rating: 5
Powered by Blogger.