ကလေးငယ်တဦး မဲဆောက်တွင် အခိုးခံရ


တာ့ခ်ခရိုင် မဲဆောက်မြို့ထဲမှာ မြန်မာကလေးငယ်တဦး အိပ်နေရင်း အခိုးခံရတယ်လို့ ဒီဗွီဘီက သိရပါတယ်။

အသက် ၈ လ အရွယ်ရှိ သမီးမိန်းကလေး အိုအိုင်ရှေးဟာ မေလ ၂၀ ရက်နေ့ညက ကုန်းဆီအယုဒ္ဓယ ဘဏ်(မဲဆောက်ဘဏ်ခွဲ)နားမှာ အခိုးခံခဲ့ရတာလို့ မိခင်ဖြစ်သူ မဟာကီမား က ဒီဗွီဘီ သတင်းထောက်ကို ပြောပါတယ်။

“သူနဲ့ သူ့ဦးလေးနဲ့ ဂိမ်းလာဆော့နေတာ၊ ဂိမ်းဆော့ရင်းနဲ့  ကလေးက ညောင်းလို့ အိပ်ပျော် သွားရော၊ ကလေးလည်းအိပ်ပျော်တယ်။ အိပ်နေရင်း ကားနဲ့ လာခေါ်သွားတာ။”

ကလေးအခိုးခံရတာကို အနီးနားမှာရှိတဲ့ စောင့်ကြည့်ကင်မရာကနေ တွေ့ရှိတာဖြစ်ပြီး ကင်မရာထဲမှာ အသက် ၃၅ နှစ်ရွယ် အမျိုးသမီးတဦးမှ ကလေးကို လာပွေ့ချီသွားပြီး အဖြူရောင်ကားပေါ် တင်ခေါ်သွားတယ်လို့ မိခင်က ဆက်ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ မြန်မာဖြစ်ဟန်တူပြီး ကလေးခိုးဂိုဏ်းက ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြောင်း၊ ကလေးပျောက်တာနဲ့ ပတ်သက်လို့ မဲဆောက်ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတယ်လို့ ကလေးမိခင်က ပြောသွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ကလေးငယ်တဦး မဲဆောက်တွင် အခိုးခံရ  ကလေးငယ်တဦး မဲဆောက်တွင် အခိုးခံရ Reviewed by သစ်ထူးလွင် on 19:19 Rating: 5
Powered by Blogger.