ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ


ပဲခူး မေ ၁၈

ပဲခူးမြို့နယ် ဘုရားကြီးမြို့ မင်းလမ်း ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင် အမှတ်(၅၉/၇)နှင့်(၆ဝ/ဝ) အကြားတွင် မေ၁၇ရက် ည ၁ဝ နာရီ မိနစ် ၄ဝ က ဘားအံ့မြို့မှ ရန်ကုန်မြို့သို့ ကျား/မ ၁ဝ ဦး တင်ဆောင်၍ အောင်ကျော် လွင် (၄၇)နှစ် မောင်းနှင်လာသည့် စူပါကာစတန်ခဲရောင် 2G/--- ယာဉ်နှင့် မျက်နှာချင်းဆိုင်ဘက်မှမောင်းနှင်လာသော ယာဉ်မောင်း ဖြိုးသူရဝင်း (၂၃)နှစ် မောင်းနှင်လာသည့်USOအမျိုးအစား ၁၂ဘီး အဖြူရောင်6E/--- ယာဉ် တို့ အရှိန်ပြင်းစွာတိုက်မိပြီး ၁၂ဘီးယာဉ်မှာ လမ်း၏ ဝဲဘက်ရှိ ဓာတ်တိုင်ကို ထပ်မံတိုက်မိပြီး ရပ်တန့်သွားခဲ့သည်။

စူပါကာစတန်ယာဉ်နှင့် လိုက်ပါလာသော မသီတာအောင်(၄၁)နှစ်နှင့် ကိုတင်သူထွေး(၃၈)နှစ် လမ်းမတော်(၅)လမ်း ရန်ကုန်မြို့ နေသူတို့နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဘုရားကလေးဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး ဖြစ်စဉ်အား ဘုရားကြီးနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သီဟရာဇာ
The Mirror Daily
https://www.facebook.com/TheMirrorDaily
ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ  ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ Reviewed by သစ်ထူးလွင် on 11:03 Rating: 5
Powered by Blogger.