တရုတ်တောင်ပိုင်းတွင် စံချိန်တင်မိုးရွာပြီး ရေကြီး၍ ၃၅ဦးသေဆုံး


ပေကျင်း မေ ၂၃

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ယမန်နေ့ ညက စံချိန်တင်မိုးရေချိန်ဖြင့် မိုးရွာသွန်း ခဲ့ပြီး ရေကြီးမှုဖြစ်ပွားရာမှ ၃၅ဦး သေဆုံး ကြောင်း တရုတ်ပြည်ထဲရေး ဝန်ကြီးဌာနက အတည်ပြုသည်ဟု ဆင်ဟွာသတင်းဌာန က ဖော်ပြထားသည်။ ရေကြီးမှုကြောင့် ၁၃ဦး ပျောက်ဆုံး နေကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း Guizhou ခရိုင် တွင်သေဆုံးသူ ၁၁ဦး၊ Fugian ခရိုင်တွင် သေဆုံးသူငါးဦး ရှိကြောင်း သိရသည်။

Jangxi ခရိုင်တွင် ဓာတ်လိုက်သေဆုံး သူတစ်ဦး၊ အဆောက်အအုံပြို၍သေဆုံးသူ ငါးဦးနှင့်ရေထဲသို့မျောပါ သေဆုံးသူနှစ်ဦး ရှိကြောင်းသိရသည်။ ကျန်သေဆုံးသူ ၁၃ ဦးမှာ Hunan ခရိုင်၊ Guangdong ခရိုင်နှင့် Guangdong Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတို့မှဖြစ်ကြောင်းသိရသည်။

အဆိုပါဒေသများတွင် မိုးသည်းထန် စွာဆက်တိုက်ရွာသွန်းနေခဲ့သည်မှာသီတင်း တစ်ပတ် ကျော်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

T 1 P (Ref: Xinhua)
The Union Daily
http://uniondaily.net
တရုတ်တောင်ပိုင်းတွင် စံချိန်တင်မိုးရွာပြီး ရေကြီး၍ ၃၅ဦးသေဆုံး  တရုတ်တောင်ပိုင်းတွင် စံချိန်တင်မိုးရွာပြီး ရေကြီး၍ ၃၅ဦးသေဆုံး Reviewed by သစ်ထူးလွင် on 17:38 Rating: 5
Powered by Blogger.