၎ နှစ်အရွယ် မြန်မာကလေးကို ပြန်ပေးဆွဲသည့် ထိုင်းနိုင်ငံသား ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ ကန်ချနဘူရီ ဆေးရုံမှာ ၄ နှစ်အရွယ် မြန်မာကလေးငယ်ကို ပြန်ပေးဆွဲမှုနဲ့ အသက် ၂၄ နှစ် နားမကြားတဦးဖြစ်တဲ့ သာဝတ်ချိန်ကွန်ဝမ်ကို ဖမ်းဆီးလိုက်ပါတယ်။

မေ ၁၄ ရက်ညက ကလေးငယ်ကို ဖဟွန်ဖယုဟဆေနား ဆေးရုံကနေ ပြန်ပေးဆွဲသွားတာလို့ သာဝတ်ချိန် ကွန်ဝမ်က ပြောပါတယ်။

လူနာ ဆွေမျိုးသားချင်းတွေ စောင့်နေတဲ့ နေရာကို ၀င်ရောက်ခဲ့ပြီး အနီးနားက တောအုပ်ထဲကို ကလေးကို ခေါ်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။

ဒီနောက်မှာတော့ ကလေးရဲ့ အ၀တ်အစားတွေကို ချွတ်လိုက်ပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ဆောင်ဖို့ ကြိုးစားပေမယ့် ကလေးက အရမ်းငယ်လို့ မအောင်မြင် ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် တကိုယ်ရည် အာသာဖြေဖျောက်ပြီး ကလေးက ငိုလာတဲ့ အချိန်မှာ ကလေးအိပ်တဲ့အထိ ချော့သိပ်ခဲ့ပြီး နောက်ကလေးကို ထားခဲ့ကာ စက်ဘီးစီး အိမ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ကန်ချနဘူရီ ရဲတပ်ဖွဲ့အကြီးအကဲက သံသယရှိသူကို ဒေသခံတွေက ပေးတဲ့ အချက်အလက်နဲ့ ၈ ရက်ကြာ ရှာဖွေခဲ့သလို သာဝတ်ချိန်ဟာ စိတ်ကျန်းမာရေး ကောင်းမွန်တဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။

ကလေးပျောက်ကြောင်း မိခင်က တိုင်ချက်ဖွင့်ထားပြီး မေ ၁၅ ရက် မနက်ပိုင်းက ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ကလေးကို တွေ့ရှိကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးအတွက် ထောက်လှမ်းစောင့်ကြည့်တဲ့ ကင်မရာမှာတော့ ကလေးကို လူရွယ်တဦးက ခေါ်ဆောင်သွားတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 (ဒီဗွီဘီ)
http://burmese.dvb.no
၎ နှစ်အရွယ် မြန်မာကလေးကို ပြန်ပေးဆွဲသည့် ထိုင်းနိုင်ငံသား ဖမ်းဆီးခံရ ၄ နှစ်အရွယ် မြန်မာကလေးကို ပြန်ပေးဆွဲသည့် ထိုင်းနိုင်ငံသား ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 16:52 Rating: 5
Powered by Blogger.