လင်မယားချင်း စကားများပြီး အမျိုးသားက အမျိုးသမီးကို သံပါသော သစ်သား တုတ်ဖြင့်ရိုက်လိုက်ရာ အမျိုးသမီး သေဆုံး


နေပြည်တော် မေ ၃

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် ထမင်းချက် မထားသောကြောင့် လင်မယားချင်း စကားများပြီး အမျိုးသားက အမျိုးသမီးကို သံပါသော သစ်သား တုတ်ဖြင့်ရိုက်လိုက်ရာ အမျိုးသမီး သေဆုံးသွားသော ဖြစ်ရပ် မေ ၃ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာမေ ၃ ရက် နံနက် ၁ဝ နာရီခွဲက ကိုမျိုးကျော်ကျော် (၃၁ နှစ်) (အလုပ်သမားကြီးကြပ်) မေတ္တာလမ်း ပေါင်းလောင်း(၂) ရွာကောက် ရပ်ကွက် ပျဉ်းမနားမြို့နေသူသည် ပေါင်းလောင်း(၂)၁၇လမ်းရှိ ဦးချမ်း မြေ့အောင်၏ နေအိမ်ခြံဝင်းကို အုတ်တံတိုင်းခတ်နေစဉ် ခြံဝင်း အတွင်း ပန်းရန်လုပ်နေသော မင်းဇော်ဦး၊ ကိုအောင်ကိုလတ်၊ မနွယ်နွယ်လှိုင်တို့ လုပ်ငန်းလုပ်ကိုင် သောနေရာသို့ မနွယ်နွယ်လှိုင်၏ခင်ပွန်းဖြစ်သူ ဟိန်းမင်းထက် (၂၇ နှစ်)ရောက်ရှိလာပြီး မနွယ်နွယ်လှိုင် ကို နေအိမ်တွင် ထမင်းချက်ထား ခဲ့ခြင်းမရှိမှုအပေါ် ပြောဆိုရာမှ စကားများရန်ဖြစ်စဉ် မနွယ်နွယ် လှိုင်အား ခင်ပွန်းဖြစ်သူ ဟိန်းမင်း ထက်ကသံရိုက်ထားပြီး သံဦးချွန်ထွက် နေသော (၂x၁)လက်မရှိ သစ်သား ချောင်းနှင့် ရိုက်နှက်သဖြင့် မနွယ်နွယ် လှိုင်တွင် ဒဏ်ရာများရရှိပြီး ပျဉ်းမနား ခုတင် ၂ဝဝ ဆေးရုံသို့ တင်ပို့စဉ် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သေဆုံးသွားသဖြင့် အရေးယူပေး ပါရန် ကိုမျိုးကျော်ကျော်က ပျဉ်းမနားမြို့မရဲစခန်းသို့ တိုင်တန်း ခဲ့သည်။

စစ်ဆေးဆောင်ရွက်
ဖြစ်စဉ်နှင့်ပတ်သက်၍ ပျဉ်းမနား မြို့မရဲစခန်းက အမှုဖွင့်ပြီး စခန်းမှူး ဒုရဲမှူးတင်ဌေးက ပြစ်မှုကျူးလွန်သူ အား အမှုဖြင့်ဖမ်းဆီးထားပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လင်မယားချင်း စကားများပြီး အမျိုးသားက အမျိုးသမီးကို သံပါသော သစ်သား တုတ်ဖြင့်ရိုက်လိုက်ရာ အမျိုးသမီး သေဆုံး  လင်မယားချင်း စကားများပြီး အမျိုးသားက အမျိုးသမီးကို သံပါသော သစ်သား တုတ်ဖြင့်ရိုက်လိုက်ရာ အမျိုးသမီး သေဆုံး Reviewed by သစ်ထူးလွင် on 01:56 Rating: 5
Powered by Blogger.