လှေစီး ဒုက္ခသည်တွေကို ထိုင်း ကူညီမယ်

လှေစီးပြေး ဒုက္ခသည်များကို ထိုင်းနိုင်ငံက ကမ်းပေါ် ခေါ်မှာ မဟုတ်
ထိုင်းနိုင်ငံ ပင်လယ်ပြင်ကို ရောက်လာမယ့် လှေစီးဒုက္ခသည် တွေကို ပင်လယ်ပြင်မှာ အကူအညီ ပေးရေး စင်တာ ထားပြီး ကူညီသွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန် လိုက်ပါတယ်။

ထိုင်းပိုင်နက် ပင်လယ်ပြင်မှာ ကြည်း၊ ရေ၊ လေ စုပေါင်း တပ်က ကင်းလှည့်ပြီး လှေစီး ဒုက္ခသည်တွေကို စစ်ဆေးပြီးတဲ့နောက် အကူအညီ ပေးသွားဖို့ကို မေလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

စစ်သင်္ဘ࿿ောကြီးတွေနဲ့ ကင်းလှည့် ရေယာဉ်ငယ်တွေကို သုံးပြီး ပင်လယ်မှာ ရေတပ်က စစ်ဆေးမှာ ဖြစ်သလို လေတပ်က ကောင်းကင် ကနေ လေယာဉ်နဲ့ စစ်ဆေးမယ်၊ ကြည်းတပ်ကလည်း ကုန်လမ်းက စစ်ဆေး သွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ် ကျန်အိုးချားက ပင်လယ်ပြင်မှာ စစ်သင်္ဘ࿿ောတွေက စောင့်ကြည့်ပြီး အကူ အညီပေးမယ်၊ ဆေးဝါး လောင်စာဆီ အစားအသောက် စတာ တွေကို အကူ အညီပေးပြီး ဒုက္ခသည်တွေ သွားချင်တဲ့နေရာကို ဆက်လက် သွားနိုင်အောင် ကူညီမှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တကယ်လို့ သေရေး ရှင်ရေး လူနာတွေ ရှိရင် ကမ်းပေါ် ခေါ်ပြီး ကုသပေးမှာဖြစ်ကြောင်းနဲ့ မိသားစု အလိုက် ဆိုရင် ခွဲပြီးခေါ်မှာမဟုတ်ပဲ မိသားစုလိုက်ကို ကမ်းခေါ်ယူပြီး အကူအညီပေးမယ်လို့လည်း သူက ပြောပါတယ်။

ထိုင်း ရေပိုင်နက်ထဲမှာ တွေ့တဲ့ လှေစီး ဒုက္ခသည် တွေကို ကမ်းပေါ် ခေါ်တင်မှာ မဟုတ်ပဲ လိုအပ်တဲ့ အကူအညီ ပေးဖို့သာဖြစ်ပြီး ယာယီ ဒုက္ခသည် စခန်းဖွင့်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

၂၉ ရက်နေ့မှာ နိုင်ငံ ၁၇ နိုင်ငံနဲ့ ဆွေးနွေးမယ့် ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းသူများ အရေး ဆွေးနွေးပွဲအပြီးမှာ လုပ်ငန်းစဉ်တွေ အတိအကျ ပေါ်လာ လိမ့်မယ်လို့ လည်း ဝန်ကြီးချုပ် ပရာ့ယွတ် ကျန်းအိုးချားကပြောပါတယ်။

ထိုင်းနိုင်ငံ အတွင်း ရိုဟင်ဂျာ အသင်းအဖွဲ့တွေ ဖွဲ့စည်း ထားတာဟာ ဥပဒေနဲ့ ညီမညီ ဆိုတာနဲ့ အခုလူကုန်ကူးမှုမှာ ပတ်သက်သလား ဆိုတာတွေကို စစ်ဆေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

လှေစီး ဒုက္ခသည်တွေကို လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဖမ်းဝရမ်း ထုတ် ထားသူ ၇၇ ယောက်ရှိပြီး ဒေသအဆင့် နိုင်ငံရေး သမားတွေနဲ့ ရဲအရာရှိတွေ အပါအဝင် ၄၆ ယောက်ကို ဖမ်းဆီး ထားပြီးဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လှေစီး ဒုက္ခသည်တွေကို ထိုင်း ကူညီမယ် လှေစီး ဒုက္ခသည်တွေကို ထိုင်း ကူညီမယ် Reviewed by သစ်ထူးလွင် on 05:41 Rating: 5
Powered by Blogger.