မန္တလေး မြို့ မှာ မီးဖြတ်စက် အပူလွန်ကဲရာမှ မီးလောင်

 မီးဖြတ်စက်အပူလွန်ကဲရာမှ မီးလောင်
 မန္တလေး မေ ၇

 မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် မြို့သစ်(၄)ရပ်ကွက် ၆၄ လမ်း နှင့် ၆၅ လမ်းကြား၊ အောင်မင်္ဂလာ လမ်းနှင့် မန္တလေး လားရှိုးရထားလမ်း ကြား သစ်ခွလမ်းသွယ်ရှိ အကွက် အမှတ် (ဃ-၅) အိမ်အမှတ်-၇၄ နေအိမ်တွင် တီဗွီမီးဖြတ်စက် အပူရှိန် လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် အငှားနေထိုင်သူ ပန်းရန်လုပ်သည့် ကိုစောနိုင်ထွေး(၂၅ နှစ်)၏ တစ်ထပ် တိုက်အိမ်အတွင်း ယနေ့နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်က တီဗွီမီးဖြတ်စက် အပူရှိန်လွန်ကဲ၍ မီးစတင်လောင် ကျွမ်းခဲ့ကြောင်း၊ ထိုမှတစ်ဆင့် အနီးရှိ နေအိမ်လေးလုံးတို့ကို ကူးစက်လောင် ကျွမ်းခဲ့ကြောင်း၊ မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မန္တလေး မြို့ မှာ မီးဖြတ်စက် အပူလွန်ကဲရာမှ မီးလောင် မန္တလေး မြို့ မှာ မီးဖြတ်စက် အပူလွန်ကဲရာမှ မီးလောင် Reviewed by သစ်ထူးလွင် on 04:53 Rating: 5
Powered by Blogger.