တရုတ်တွင် ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများ ခိုးယူသူ ၁၇၅ ဦး ဖမ်းမိ


တရုတ်နိုင်ငံမှာ ရှေးဟောင်း သမိုင်းဝင်ပစ္စည်းတွေကို တူးဖော်ခိုးယူသူ ၁၇၅ ဦးကို နိုင်ငံ အရှေ့မြောက်ပိုင်း မှာ ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၅၀၀၀ က မြှုပ်နှံထားခဲ့တဲ့ ဂူသင်္ချိုင်းတွေကို အုပ်စုဖွဲ့ တူးဖော် ခိုးယူခဲ့ကြပြီး အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် တန်ကြေးရှိတဲ့ ရှေးဟောင်းပစ္စည်းစုံ အမျိုး ၁၀၀၀ ကျာ် သိမ်းဆည်းရမိခဲ့တာပါ။

ဒီအမှုကို ၉ လကြာ ဖော်ထုတ်ခဲ့ရပြီး အစိုးရအာဏာပိုင် ၁၀၀၀ ကျော် ပါဝင်ပတ်သက်ခဲ့တယ်လို့လည်း အစိုးရပိုင် စီစီတီဗွီသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတွေ၊ ပြတိုက် ပြခန်းပိုင်ရှင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီရှေးဟောင်းပစ္စည်း သူခိုးဂိုဏ်းဟာ သူတို့သဘောသဘာဝအရ မိသားစုဝင်တွေနဲ့ပဲ အခြေပြုဖွဲ့စည်းကြပြီး ပိပိရိရိဆောင်ရွက်တတ်ကြတာကြောင့် အမှုကို ဖော်ထုတ်နိုင်ဖို့ အလွန်ခက်ခဲခဲ့တယ်လို့ Chaoyang မြို့ ဒုရဲမှူးကြီးက ပြောဆိုပါတယ်။

သူတို့တွေဟာ ရှေးဟောင်းပစ္စည်းနဲ့ ရိုးရာဖုန်းရွှေပညာတွေကို ကျွမ်းကျင်ကြပြီး အဆင့်မြင့်နည်းပညာပစ္စည်းတွေနဲ့ တူးဖော်ခိုးယူခဲ့ကြတယ်လို့လည်း သတင်းက ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
တရုတ်တွင် ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများ ခိုးယူသူ ၁၇၅ ဦး ဖမ်းမိ တရုတ်တွင် ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများ ခိုးယူသူ ၁၇၅ ဦး ဖမ်းမိ Reviewed by သစ်ထူးလွင် on 18:12 Rating: 5
Powered by Blogger.