ဖုန်းငွေဖြည့်ရင် အခွန်ပေးဆောင်ရမည်


 ဇွန် ၁ ရက်မှစပြီး ဖုန်းငွေဖြည့်ခြင်းမှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၁၈ ရက်နေ့ နေပြည်တော်မှာ  ဆက်သွယ်ရေး ဝန်ကြီးရုံးတွင် မွန်းလွဲ ၂ နာရီမှာ ကျင်းပတဲ့ Commercial Tax Implementation Press Conference မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။


ဧပြီလ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က ပြဌာန်းလိုက်တဲ့ အခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်း ခွန်ကို ပြင်ဆင်လိုက်တာဖြစ်ပြီး ဖုန်းသုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်ရင် ၅ ရာခိုင်နှုန်း အခွန်ပေးဆောင် ရမှာပါ။

အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနော့ဖုန်း သုံးစွဲသူတွေရဲ့ ဖုန်းငွေဖြည့် ကတ်တွေဆီကနေ လာမယ့် ဇွန်လ ၁ ရက်နေ့စပြီး လုပ်ငန်းခွန် ကောက်ခံ တော့မှာပါ။

ဥပမာအနေနဲ့ ငွေဖြည့်ကတ် ၁ ထောင်မှာ သုံးစွဲခွင့်က ၉၅၂ ကျပ်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၄၈ ကျပ် ပေးဆောင်ရမှာပါ။

လက်ရှိ အော်ပရေတာတွေလည်း ဒီနှုန်းအတိုင်းပေးရမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာ စတင် ကောက်ခံမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ဖုန်းငွေဖြည့်ရင် အခွန်ပေးဆောင်ရမည်  ဖုန်းငွေဖြည့်ရင် အခွန်ပေးဆောင်ရမည် Reviewed by သစ်ထူးလွင် on 17:08 Rating: 5
Powered by Blogger.