အနောက်အုပ်စု ရေနံကုမ္ပဏီတွေထံက မြန်မာအစိုးရ ငွေအများအပြားရနေ


 မြန်မာကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းတွေမှာ အနောက်နိုင်ငံ ကုမ္ပဏီတွေ ပိုမိုပါဝင်လာတဲ့အတွက် မြန်မာအစိုးရ အနေနဲ့  နိုင်ငံခြား ရင်းနှီးမြုပ်နှံငွေ အများအပြား ရရှိနေတယ်လို့ Nikkei Asian Review မီဒီယာအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်ရဲ့ သယံဇာတကဏ္ဏမှာ ပြီးခဲ့တဲ့ မတ်လကုန်ဆုံးတဲ့ ၂ဝ၁၄-၁၅ ဘဏ္ဏာရေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံငွေ ဒေါ်လာ သန်း သုံးထောင့်နှစ်ရာခန့်ရှိတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။

အဲ့ဒီကာလအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ စုစုပေါင်းကတော့ ဒေါ်လာ သန်း ရှစ်ထောင်ခန့်ရှိပါတယ်။ ဒါဟာ တစ်နှစ်အတွင်း နိုင်ငံခြားမြုပ်နှံမှု နှစ်ဆတိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့  ကမ်းလွန်ဓါတ်ငွေ့ လုပ်ကွက် ၂ဝ ကို မနှစ်ကလေလံတင်ခဲ့ရာမှာ Shell နဲ့ Chevron လို အနောက်နိုင်ငံတွေက ကမ္ဘာကျော် ရေနံကုမ္ပဏီတွေ ဝင်ရောက်နေရာယူလာခဲ့ပါတယ်။  အဲ့ဒီ ကုမ္ပဏီတွေဟာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကြောင့် အရင်က ဝင်ရောက်လုပ်ကိုင်ခြင်း မရှိခဲ့ပါဘူး။ ၂ဝ၁၁ ခုနှစ်မတိုင်မီကာလအထိ မြန်မာ့ကမ်းလွန် ဓါတ်ငွေ့လုပ်ငန်းမှာ ထိုင်း PTT နဲ့ မလေးရှား Petronas ကုမ္ပဏီတွေပဲ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အနောက်အုပ်စု ရေနံကုမ္ပဏီတွေထံက မြန်မာအစိုးရ ငွေအများအပြားရနေ  အနောက်အုပ်စု ရေနံကုမ္ပဏီတွေထံက မြန်မာအစိုးရ ငွေအများအပြားရနေ Reviewed by သစ်ထူးလွင် on 08:37 Rating: 5
Powered by Blogger.