ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်လိုဏ်ခေါင်းများ အီဂျစ်တပ်ဖွဲ့ဝင်များဖြိုချ


ကိုင်ရို ဧပြီ ၁၉

အီဂျစ်တပ်ဖွဲ့ဝင်များက ဂါဇာ ကမ်းမြောင်ဒေသ နယ်စပ်ရှိ ဒါဇင် ပေါင်းများစွာသော ဥမင်လိုဏ်ခေါင်း များကို ဖြိုချဖျက်ဆီးလိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။

လွန်ခဲ့သော ရှစ်နှစ်ကာလက အစ္စရေး၏ ပိတ်ဆို့မှုကို ခံနေရသည့် ဂါဇာကမ်းမြောင်ဒေသသည် ဥမင် လိုဏ်ခေါင်းများကို အသုံးပြုပြီး စားနပ်ရိက္ခာများတင်သွင်းခဲ့ရသည်။

 ဆိုင်းနိုင်းကျွန်းဆွယ် အီဂျစ်ကင်း လှည့်တပ်ဖွဲ့ဝင်များက မတ် ၂၈ ရက် မှ ဧပြီ ၁၅ ရက်အထိ မြေအောက်ဥမင် လိုဏ်ခေါင်း ၆၉ ခုကို ဖြိုချဖျက်ဆီး နိုင်ခဲ့ကြောင်း အီဂျစ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဆာမီယာ က စနေနေ့က ဖေ့စ်ဘွတ်ခ်တွင် ရေး သားဖော်ပြသည်။

အဆိုပါ မြေအောက်ဥမင်လိုဏ် ခေါင်းများကို တွေ့ရှိခဲ့ပြီးနောက် စစ်ဘက်အင်ဂျင်နီယာများက ဖြိုချ ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လို သူ စစ်ဘက်တာဝန်ရှိသူများက ပြောသည်။

ယခုလအစောပိုင်းတွင် အီဂျစ် သမ္မတအယ်လ်စီစီက ဂါဇာကမ်း မြောင်ဒေသရှိ နယ်စပ်ဥမင်များကို ရှာဖွေဖြိုဖျက်ပစ်ရန် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 ပြည်ပနှင့်ဆက် သွယ်လိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါ ဥမင်လိုဏ်ခေါင်းများကို အသုံးပြုပါက အကျဉ်းချထားခြင်း ခံရမည် ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အီဂျစ် သမ္မတက အမိန့်ထုတ်ပြန်ခဲ့ သည်။

 ယင်းအမိန့်ဒီဂရီအရ ဥမင် လိုဏ်ခေါင်းများကိုအသုံးပြုပြီး ပြည်ပ နိုင်ငံနှင့် အဆက်အသွယ်ပြုလုပ်ပါက ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်ခံရ နိုင်သည်ဟု ဆိုသည်။

 ပါလက်စတိုင်း တို့သည် ယင်းဥမင်များကို အသုံးပြုပြီး ဂါဇာသို့ မရှိမဖြစ်လိုအပ်သည့် အစား အသောက်နှင့် စက်သုံးဆီများတင် သွင်းလျက်ရှိသည်။

 ၂ဝဝ၇ ခုနှစ်က အစ္စရေးတို့၏ ပိတ်ဆို့မှုကို ခံနေရ သော ပါလက်စတိုင်းတို့က ယင်းဥမင် များကို အသုံးပြုနေခြင်း ဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသရှိ လူပေါင်း ၁ ဒသမ ၈ သန်းတို့သည် အစ္စရေးတို့ ကဝေဟင်၊ရေပြင်နှင့်ပိုင်နက် နယ်မြေ များကို ထိန်းချုပ်ထားသဖြင့် ကမ္ဘာ့ အကြီးဆုံး လဟာပြင်အကျဉ်းထောင် ကြီးအတွင်း နေထိုင်နေကြရသည် ဟု ဆိုသည်။

(ပရက်စ်တီဗွီ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်လိုဏ်ခေါင်းများ အီဂျစ်တပ်ဖွဲ့ဝင်များဖြိုချ  ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်လိုဏ်ခေါင်းများ အီဂျစ်တပ်ဖွဲ့ဝင်များဖြိုချ Reviewed by သစ်ထူးလွင် on 05:00 Rating: 5
Powered by Blogger.