အီရတ်နိုင်ငံ အမေရိကန် ကောင်စစ်ဝန်ရုံးတွင် ကားဗုံးကွဲ၊ ၃ ဦး သေဆုံး


 အီရတ်နိုင်ငံ ကာဒ္ဒစ္စတန်နယ်မြေရဲ့ မြို့တော် အာဘေးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး ၀င်ပေါက်မှာ ဧပြီ ၁၇ ရက်နေ့က ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားပါတယ်။

တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ကြေညာပါတယ်။

ကာကက်နယ်မြေက အိုက်အက်စ်တပ်ဖွဲ့ဟာ ကောင်စီဝန်ရုံး ၀င်ပေါက်မှာ ကားဗုံးခွဲနိုင်ခဲ့တယ်ဆိုပြီး အိုင်အက်အဖွဲ့ရဲ့ တွစ်တာ အကောင့်မှာ ကြေညာထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနကလည်း ကားဗုံးကွဲမှုကို အတည်ပြုပြီး အမေရိကန် နိုင်ငံသားတွေတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

နယ်မြေခံ ကာဒ် တပ်ဖွဲ့က လုံခြုံရေးကို တာဝန်ယူထားတယ်လို့လည်း ဆိုပါတယ်။ ကာဒ္ဒစ္စတန် နယ်မြေဟာ အီရတ်မှာ အတည်ငြိမ်ဆုံး နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ဒေသဖြစ်ပြီး အိုင်အက်စ်အဖွဲ့ရဲ့ ဆူပူသောင်းကျန်းမှုတွေကြောင့် လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာခဲ့တာဖြစ်ပါတယ်။

အာဘေးမြို့မှာ နိုဝင်ဘာလတုန်းကလည်း အုပ်ချုပ်ရေးမှူး ရုံးအပြင်ဘက်မှာ အသေခံ ကားဗုံးခွဲမှု ဖြစ်ခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
အီရတ်နိုင်ငံ အမေရိကန် ကောင်စစ်ဝန်ရုံးတွင် ကားဗုံးကွဲ၊ ၃ ဦး သေဆုံး  အီရတ်နိုင်ငံ အမေရိကန် ကောင်စစ်ဝန်ရုံးတွင် ကားဗုံးကွဲ၊ ၃ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 19:57 Rating: 5
Powered by Blogger.